part(5)လှို့ဝှက်ချက်...

237 8 2
                                    

It turns my heart cool (5)

ညဘက်တရေးနိုးလာတဲ့အချိန် ၊ သူ့ရဲ့ ဇောချွေးတွေက ပြန်လာပြီး နှလုံးခုန်နူန်းကလည်းမြန်နေသည်။
အိပ်ယာက လန့်နိုးလာတော့ သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး ခြေထောက်တွေ ၊ လက်တွေကလည်း အရမ်းနာကျင်လို့နေသည်။
တစ်ခုခုက သူ့ကိုဖိထားသလိုခံစားရတယ်။ သူ့ရဲ့ အိမ်မက်ထဲမှာ အမြဲ တမ်း သူ့မိဘတွေက အကူညီ လိုအပ်နေတဲ့ ပုံစံမျိုးနဲ့ လာတွေ့နေသလိုပင်။
မျက်လုံးကို အားကုန်အောင်ဖွင့်လိုက်သည်။

"ဟမ်း! !!!!"

အိမ်မက်ထဲက အရာက အခုထိသူ့ရဲ့ မျက်လုံးတွေထဲမှာ မြင်ယောင်နေတုန်း။ ဒါက သူ့မိဘတွေက သူ့ဆီကိုလာတဲ့အချိန်မှာ အိမ်ထဲကိုမဝင်ပဲ အိမ်အပြင်ဘက်ကသာသူ့ကိုကြည့်နေသည်။ ဒါပြီး ဖိနပ်တွေ မပါပဲ ထိုဖိနပ်တွေအစား ခြေထောက်မှာ ဖုန်တွေသာပါလာသည်။ ဒါပြီး သူ့ကို စိုက်ကြည့်နေသည်။

"ချောက်!" အခန်းရဲ့ မီးကို ဖွင့်လိုက်သည်။ ပြတင်းပေါက်က မှန်ကို ကြည့်လိုက်သည်။ လိုက်ကာက မပိတ်ထားပါ၊ မနေ့ညက သူဆေးသောက်ပြီး အိပ်ပျော်သွားတယ်၊ ထိုလူက သူ့အခန်းထဲက ဘယ်အချိန်ထထွက်သွားလည်း သူမသိပါ။
သူထဖို့လုပ်ပေမယ့် သူ့ရဲ့ ခြေထောက်က အရမ်းနာကျင်လာသည်။ ထောက်ဖို့တောင် အားမရှိတော့သလိုပဲ။
ကုတင်ဘေးနားကို တိုးသွားလိုက်ပြီး ချိုင်းထောက် ကိုလှမ်းဆွဲယူလိုက်သည်။ ဒါပြီး ပြတင်းပေါက်နားကို သွားလိုက်ပြီး လိုက်ကာကို ပြန်ဆွဲပိတ်ဖို့လုပ်တော့ သူမြင်လိုက်ရတာက လူတွေက တစ်ခုခုကို အရေးပေါ်ဖြစ်နေသလိုမျိုးလုပ်နေသည်။ ကြည့်ရတာ တစ်နေရာရာ ကိုသွားဖို့လုပ်နေသလိုပဲ။ ဂျက်လေယာဥ် က အပေါ်ကို ပြန်တတ်သွားတော့ မူးယစ်ကုဋေ က အခန်းမီးလင်းနေတဲ့ သူ့အခန်းကို စိုက်ကြည့်နေသည်။

"သေစမ်း၊ ငါ့ကိုမြင်သွားမှာလား"
လိုက်ကာကိုအမြန်ပဲ ဆွဲပိတ်လိုက်သည်။ ထိုလူ မြင်သွားပြီး သူတို့ရဲ့ လို့ဝှက်သတင်းကိုတွေ့သွားပြီ ဆိုပြီး သတ်ပစ်လိုက်ရင်ဘယ်လိုလုပ်ရမလဲ။ လိုက်ကာ ကိုဆွဲပိတ်ပြီး ကုတင်မှာ ပြန်ဝင်အိပ်လိုက်ပြီး အခန်းမီးကိုပိတ်ထားလိုက်သည်။

ငါ့နှလုံးသားကို အေးစက်စေတယ်Where stories live. Discover now