part(2)အလုပ်သရဲ

359 9 2
                                    

I turns my heart cool 2
နောက်ဆုံး မြင်ခဲ့ရတာက ထိုလူက ကျွန်တော့်ကို စိုက်ကြည့်နေတယ်ဆိုတာပဲ။

မူးယစ်ကုဋေ က သူ့ဘေးက ဝိုင်တစ်ခွပ်ပြီး တစ်ခွပ်သောက်နေတဲ့ ကောင်လေးကိုကြည့်လိုက်သည်။
ပထမတော့ သူက ဘာမှမပြောပေမယ့် ထိုကောင်လေးက အချိုရည်လိုမျိုး တစ်ခွပ်ပြီး တစ်ခွပ်သောက်နေသည်။ ဒါက အနည်းငယ်သူ့ကို အာရုံစိုက်စေတယ်။

ဒါပြီး အခုသူ့ကို စိုက်ကြည့်ပြီး ငိုနေသည်။
ထိုအခြေနေက သူတို့အားလုံးကို အနည်းငယ်
ထိန့်လန့်သွားစေတယ် ဘာလို့ဆို အခုသူတို့ရဲ့ တိတ်ဆိတ်နေတဲ့ ကားထဲမှာ ငိုသံ တစ်ချို့နဲ့ ရှိုက်သံ တစ်ချို့က ဆူညံနေတယ်။

ဒါပေမယ့် မူးယစ်ကုဋေ က ဆိုင်းခမ်းစစ်ဟန်ကို ထိုအတိုင်းသာကြည့်နေပြီး ဘာစကားမှမပြောပါ။

" အလုပ်သရဲ အဲလောက်အလုပ်ကို ရူးသွပ်နေရင်လည်း ငါ့ကို ကွာရှင်းပြီး အလုပ်နဲ့လက်ထပ်လိုက် "

ထိုစကားက ကားထဲက လူတွေအားလုံးကို အံ့ဩ သွားစေတယ်။

"ဟမ့်! ! မင်း ငါ့ကို မချစ်ဘူးမလား ၊ ဒါဆိုဘာလို့ လက်ထပ်ထားသေးလည်း။ ငါ့မှာ မင်းကြောင့် အချစ်စစ်ကိုလည်း ရှာလို့မရဘူး ဒါပြီး ငါ့ကိုလာကြိုက်တဲ့သူတွေကိုလည်း ပြန်ကြိုက်လို့မရဘူး ။ ဒီ လက်စွပ်ကြောင့်ပဲ ။ ဟမ့်! ! "

ထိုစကားကိုကြားပြီး မူးယစ်ကုဋေ က ခမ်းစစ်ဟန်ကို သေချာကြည့်လိုက် သည်။
ကားအရှေ့ခန်းက နှစ်ယောက်ကလည်း တိတ်ဆိတ်နေတာက သူတို့မရှိတော့တဲ့အတိုင်းပဲ။

ဒါပေမယ့် မူးယစ်ကုဋေ က သူ့ကိုလာပြောတဲ့ ကောင်လေးကို သေချာကြည့်လိုက်ပြီး အေးစက်စက် စကားတစ်ခွန်းဆိုလိုက်သည်။

" မင်း ကို လာကြိုက်တဲ့ သူတွေက ဘယ်သူလဲ "

သူက မျက်နှာထား တည်တည်နဲ့ ပြောလိုက်ခြင်းပင်။

"ဟင်!!"

ဒီလူဘာတွေ လာမေးနေတာလဲ ။ ရူးနေတာလား။

ဒါပေမယ့် သူ့ရှေ့ကကောင်လေးက သူ့ကိုဘာစကားမှပြန်မပြောတော့ပဲ ထိုနေရာမှာပဲ သူ့ပုခုံးမှာ မှီကြလာပြီး အိပ်ပျော်သွားသည်။ ဒါပြီး ရှိုက်သံ အနည်းငယ်က ထွက်ပေါ်နေသေးတယ်။

ငါ့နှလုံးသားကို အေးစက်စေတယ်Where stories live. Discover now