part(8)မင်းကငါ့ယောကျာ်း

255 6 2
                                    

It turns my heart cool 8

မနက်နိုးလာတော့ ကျွန်တော့်ရဲ့ ခန္ဓာ ကိုယ်မှာ တစ်ခုခုကဖိတင်ထားသလိုပဲ။ ဒါပြီး လက် ။ အခုမှသတိရတယ် ၊ မနေ့ညက သူ မူးယစ်ကုဋေ ရဲ့အခန်းထဲမှာ အိပ်လိုက်မိတာပဲ ။

တစ်ဖက်လူရဲ့ မျက်နှာက သူ့ရဲ့ လည်ပင်းတွေစီမှာ ရှိနေပြီး ၊ ထိုလူရဲ့အသက်ရှုသံတွေက သူ့ရဲ့လည်ပင်းကို လေ လာဟက်နေတာကြောင့် နေရတာကအနည်းငယ်မသက်မသာခံစားရသည်။

"ဟမ်း!!"  ဒါပေမယ့် တစ်ဖက်လူကအခုထိ နိုးမည့်ပုံမပေါ်။

မူးယစ်ကုဋေ ရဲ့လက်ကိုအသာဖယ်လိုက်ပြီး ၊ အချိန်ကိုကြည့်လိုက်သည်။
အချိန်က ၈ နာရီတောင်ရှိနေပြီ။ ဒီနေ့အလုပ်မရှိဘူးဆိုပေမယ့် သူ ကအိပ်ယာမှ ထချင်နေပြီ။ ဒါပြီး ဗိုက်ဆာနေတာကြောင့်ဆိုပိုမှန်မယ်။

ကျွန်တော် သူ့ရဲ့ လက်ကိုအသာဖယ်လိုက်တဲ့အချိန်မှာ ထိုလက်တွေကပိုပြီး တင်းကြပ်လာတယ်။ ဒါက ခါးကိုအရမ်းဆုတ်ကိုင်ထားသလိုမျိုးခံစားရတယ်။

" ဘာလို့ အရမ်း လှုပ်နေတာလဲ ။ "

" ငါ ဗိုက်ဆာ နေပြီ "

ဆိုင်းခမ်းစစ်ဟန် က ထိုသို့ပြောတော့မှ သူ့ရှေ့ကလူက မျက်လုံးဖွင့်လာပြီး ။ သူ့ကို ဖက်ထားတဲ့ လက်တွေကို ဖယ်ပေးလာသည်။
ဆိုင်းခမ်းစစ်ဟန် က အမြန်ပဲ ထလိုက်သည်။ သူ့ရဲ့အခန်းကို သွားဖို့လုပ်တဲ့အချိန်မှာ အိပ်ယာက လူက သူ့ရဲ့လက်ကို အတင်းဆွဲလာသည်။

ဒါပြီး သူ့ရဲ့ ပါးကို အထိတွေ့တစ်ခုက ရောက်လာသည်။
သူ့ရှေ့က လူကိုကြည့်လိုက်သည်။

" သွားလို့ရပြီ "

"ငါလူးး "
သူ ရှက်တာကြောင့်အမြန်ပဲ အခန်းထဲကထွက်လာလိုက်သည်။ သူက ဒီလိုမျိုး အနမ်းခံရမယ်လို့မထင်ထားတာကြောင့်ပင်။ အခန်းထဲကိုရောက်တော့ သူ့ရဲ့ ပါးတွေကိုအနည်းငယ်ပွတ်သပ်လိုက်သည်။
ဒါက အနည်းငယ်ရှက်စရာကောင်းတယ်။ သူက ထိုလူလုပ်သလိုပဲ ခံနေတယ်။

ဆိုင်းခမ်းစစ်ဟန် ကမှန်ရှေ့မှာ သူ့ကိုယ်သူပြန်ကြည့်လိုက်ပြီး ။

" နောက်တစ်ခုဆို မင်း ကို ငါပဲအရင်နမ်းမယ်"

သူ့ရဲ့ သွားပွတ်တံကိုယူလိုက်ပြီး ၊ သွားတိုက်လိုက်သည်။ ဒီဘက်ရာသီ ဥတုကတကယ်ကောင်းတယ်။
သူ့ရဲ့ခြေထောက်ကလည်း အများကြီးကောင်းနေပြီ။
ဒီလို ရာသီဥတုအေးအေးလေးမှာ စတော်ဘလ်ရီ သီးတွေကိုသာစားလိုက်ချင်တယ်။
ဒါကြောင့် အကျီအမြန်လှဲလိုက်ပြီး အောက်ထက်ကိုဆင်းသွားသည်။

ငါ့နှလုံးသားကို အေးစက်စေတယ်Where stories live. Discover now