part(6)လုပ်ငန်းတစ်ချို့

218 10 0
                                    

It turns my heart cool 6
သူ ဒီအိမ်မှာနေရတာ တကယ်ပျင်းတယ်။ ခြေထောက် က အနည်းငယ်ထောက်လို့ရနေပြီမို့ ပထမရက်တုန်းကလောက်မနာကျင်တော့ပါ။
သူက ခြံထဲက ဥယာဥ်ငယ်လေးထဲမှာ ခုံလေးနဲ့ထိုင်ကာ အလုပ်က ပို့ပေးတဲ့ အချက်လက်တစ်ချို့ကိုလုပ်နေသည်။ မနက်ဖြန် သူတို့ အဖွဲ့ရဲ့ presentation ရှိသည်။ ဒါက ဂိမ်းရဲ့ နမူနာကို တင်ပြရမှာပင်။ ဂိမ်းရဲ့ level note ကို အသေးစိတ်ရေးလိုက်သည်။

အမသစ်စေး က သူ့အပေါ်တကယ်ကောင်းတယ်။သူ့ရဲ့ ခွင့်ရက်အတွက် လစာဖြတ်ခံရပေမယ့် သူအလုပ်တော့ အထုတ်မခံရပါ။
ရေးပြီးသွားတော့ ဆိုင်းခမ်းစစ်ဟန်က လက်ကိုအကြောဆန့်လိုက်ပြီး ၊ သူ့ရှေ့က အချိုပွဲနဲ့ အိုဗာတင်းကိုသောက်လိုက်သည်။

မူးယစ်ကုဋေ က သူ့အတွက် ေသသေချာချာ အိမ်တော်ထိန်းကိုမှာ ခဲ့သည်။ အိမ်တော်ထိန်းက သူ့ရှေ့ကနေ သူ့ကိုကြည့်နေပြီး သောက်ပြီးတာနဲ့ ဆေးကိုပေးလာသည်။ သူ့ကိုပေးတဲ့ဆေးကိုသောက်လိုက်ပြီး တော့ သူ့အနားကိုရောက်နေတဲ့ ခွေးသေးသေးလေးကိုကြည့်လိုက်သည်။

" အိုက်ယား ၊ မင်းက ဘယ်သူလေးလဲ ။ တကယ် ချစ်စရာကောင်းတာပဲ ၊ "

ခွေးလေးကိုကောက်ချီလိုက်သည်။ အိမ်တော်ထိန်းက သူ့ကိုကြည့်ပြီးတော့

" သခင်ငယ်လေး ခွေးတွေမှာ ရောဂါပိုးတွေအများကြီး ရှိပါတယ် ၊ ဒါပြီး သခင်ငယ်လေးက နေမကောင်းသေးတဲ့သူပါ ဒါက ချီထားဖို့မသင့်တော်ပါ
ဘူး"

ဆိုင်းခမ်းစစ်ဟန်က အိမ်တော်ထိန်းကို တစ်ချက်
ကြည့်လိုက်ပြီးတော့ ခွေးလေးကိုပါကြည့်လိုက်သည်။
ဘယ်နားက ညစ်ပတ်နေတာ ဖြစ်နေလို့လဲ !

" ရတယ် ကျွန်တော် နေကောင်းနေပြီ ။ ဒါက တစ်ကောင်တည်းမွေးထားတာလား "

" ဟိုဘက် ဗီလာမှာ အမဲလိုက်ခွေးတွေရှိပါတယ် ။
ဒီခွေးလေးက လေ့ကျင့်ပေးနေတဲ့ခွေးလေးပါ "

" အမဲလိုက်ခွေးလား.... ။ အာ! ကျွန်တော် ကြည့်လို့ရမလား "

" ကြည့်လို့တော့ရပါတယ် ဒါပေမယ့် သူတို့က သူစိမ်းတွေကိုမြင်ရင်တော့ ဟောင်တတ်ပါတယ်။ သခင်ငယ်လေး စိတ်အနှောက်ယှက်ဖြစ်မှာ စိုးပါတယ်"

ငါ့နှလုံးသားကို အေးစက်စေတယ်Where stories live. Discover now