Part (9)ကိုယ်မင်းကိုစွဲလမ်းနေပြီ

240 8 0
                                    


It turns my heart cool (9)

မနက်နိုးလာတော့ တစ်စုံတစ်ယောက်ရဲ့ လက်ကြားတွေထဲမှာ ကျွန်တော့်ရဲ့ ခန္ဓာ ကိုယ်က တင်းကြပ်နေတယ်။ လေပူပူလေးတွေက ဆံပင်ကိုလာလာထိနေတာမို့ အနည်းငယ်တော့ အသည်းယားစရာကောင်းတယ်။ ဒါပေမယ့် ဒါက နူးညံ့တယ် ၊ ဒါပြီး နွေးထွေးတယ်။ ကျွန်တော် ရဲ့ခါးတွေမှာ ရစ်ပတ်နေတဲ့ လက်တွေကိုအသာကိုင်လိုက် တော့ ထိုလူက ပိုပြီး တင်းဖက်လာသည်။

မူးယစ်ကုဋေ ကတကယ်ချောတာပဲ ၊ သူ့ရဲ့မျက်ခုံးတွေ ၊ မျက်တောင်တွေ ဒါပြီး နုတ်ခမ်း ။

ဒါပြီး လည်ဇလုပ် ဒါက အနည်းငယ်စိတ်ကိုမသိုး

မသန့်သလိုခံစားရတယ်။

" ကြည့်လို့ဝပြီလား! "

မူးယစ်ကုဋေက သူ့ရင်ခွင်ထဲက လူကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

" မင်း....မင်း နိုးနေရင်လည်း ထတော့ပါလား"

"ကိုယ်က မင်းဘာလုပ်မလဲ စောင့်ကြည့်နေတာ "

"ဖယ်.. ငါထတော့မယ် "

သူ့ကိုအတင်းဖယ်ပြီး ထဖို့လုပ်နေတဲ့ ကောင်လေးကို မူးယစ်ကုဋေ ကတစ်ချက်ကြည့်လိုက်သည်။

ဒါပြီး ။ ။

"ဒီနားလာခဲ့ "

မူးယစ်ကုဋေက ဆိုင်းခမ်းစစ်ဟန် ကို ခေါ်လိုက်တော့ ။ ထိုလူသားလေးက မျက်နှာကို စူပုတ်လိုက်သည်။

သူဒီလိုခေါ်နေရင် အဲတာ morning kiss လိုချင်လို့ပဲဆိုတာ သိသာနေတယ်။

ပေကပ်ကပ်လုပ်နေတဲ့ သူကို မူးယစ်ကုဋေ က တစ်ချက်ကြည့်ပြီး ။

" ပါး ကိုပဲ နမ်းမှာ... ဒါပြီးရင် မင်းကြိုက်တဲ့

စတော်ဘယ်ရီလ် ခင်းကို လိုက်ပို့ပေးမယ်"

စတော်ဘယ်ရီလ် လို့ပြောလိုက်တာနဲ့ ဆိုင်းခမ်းစစ်ဟန် က မျက်လုံးတွေအရောင်လဲ့သွားပြီး မူးယစ်ကုဋေနားကို တိုးသွားလိုက်သည်။

" မင်း တကယ်ပြောတာနော်"

မူးယစ်ကုဋေက ခေါင်းညိမ့်ပြ ပြီး သူ့အနားတိုးလာတဲ့ ဆိုင်းခမ်းစစ်ဟန်ရဲ့ ပါးကို အားပျင်းပျင်းနဲ့ နမ်းလိုက်သည်။

ငါ့နှလုံးသားကို အေးစက်စေတယ်Where stories live. Discover now