အပိုင်း - ၁

6.1K 163 0
                                    

" ဟိုဘက်အိမ်ကို လူသစ်တွေပြောင်းလာပြီဆို "

" ဟုတ်တယ်..သားမိသားဖလေးယောက်တဲ့ "

ခြံစပ်က သရက်ပင်ကြီးအောက် စာသွားဖတ်ရန် အပေါ်ထပ်ကဆင်းလာတော့ ဧည့်ခန်းထဲက အမေတို့ သူငယ်ချင်းအုပ်စု စကားပြောနေကြသည်ကိုကြားရသည်။

" သားအကြီးက ဆရာ၀န်တဲ့လေ..သမီးအငယ်က အထက်တန်းဖြေထားတာ မကြာသေးဘူး..ဂုဏ်ထူးခြောက်ဘာသာ ပါတာတဲ့ ဟယ် "

လ္ဘက်သုပ်နဲ့အအေးကို စိမ်ပြေနပြေစားရင်းကို ပြောနေကြပါရဲ့။

" ငါ့သမီးနဲ့များကွာပါ့..အခုထိ ဘွဲ့သာရထားတယ် ဘာအလုပ်မှမလုပ်..၁၀၉ ၁၁၀ "

ဟော ပါလာပါပြီ သူ့မကောင်းကြောင်းတွေ။ အမေဆိုတာလေ ဒီတစ်ဦးတည်းသော သမီးလေးကိုပဲ အပြစ်ပြောဖို့သိတယ်။

ထပ်နားထောင်မနေတော့ပဲ ကိုယ်သွားမဲ့နေရာကိုသာ ခြေဦးလှည့်လာတော့သည်။ မန္တလေး နွေရာသီ အတော်ပူတာသိပြီးဖြစ်ကြမည်။ အခုလဲ မီးကပျက်နဲ့ သူမခံစားနိုင်တော့လို့ သရက်ပင်အောက်ထွက်လာခဲ့ခြင်း။

အပင်အောက်ရောက်တော့ ဖိနပ်ခုကာ ဟိုတလောကမှာထားတဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ကိုဖတ်နေလိုက်သည်။

*ဘုတ်*

" အ!!..ဘယ်မိမဆုံးမ ဖမဆုံးမ ကလေးက ငါ့ကိုသရက်သီးနဲ့ ထုတာလဲ!! "

စာဖတ်နေရင်း စျာန်၀င်နေတုန်းရှိသေး ခေါင်းပေါ်ကို သရက်သီးပြုတ်ကျလာ၏။
အပင်ပေါ်ကိုအကြည့်ရောက်သွားတော့ မျောက်တစ်ကောင်လို တွယ်ကုတ်တက်ကာ သရက်သီးခူးနေသော ကောင်လေးတစ်ယောက်။

သူနဲ့အကြည့်ချင်းဆုံတော့ ပြုံးဖြီးပြနေသည်။

" အေးအေး..နင်ဆင်းခဲ့ အခုဆင်းခဲ့စမ်း!! "

" ဆင်းမှာပါ ဘယ်သူကလဲ မဆင်းဘူးပြောလို့လဲ..နေဦး. . .ခန...ဘေးဖယ်! "

သူလဲမှားသေးတယ် စပ်စပ်ထိမခံ ပြန်တောင် ဟောက်နေသော သကောင့်သားကြောင့် ဒေါသလစ်မစ်တို့ ကျော်လွန်သွားပြီ။
အောက်ရောက်မှ နားရွက်ပျက်သွားအောင် လိမ်ဆွဲပစ်မယ်။ သူများအိမ်က အသီးလဲလာခူးသေး။ တောင်ပန်မယ်လဲမရှိ။

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now