အပိုင်း - ၁၁

1.7K 81 0
                                    

" ဟိတ်!! ထ..ထကြစမ်း...မင်းတို့ ညကအဲ့လောက်တောင် သောက်ထားရသလား "

မနက်မိုးမလင်းသေးဘူး အိပ်ကောင်းတုန်းရှိသေးလူကိုလှုပ်ကာနှိုးလာသည့် လူတစ်ယောက်။ ခေါင်းကိုက်တာကတစ်မျိုး အိပ်ရေးမ၀တာကတစ်မျိုး နှိုးတဲ့သူကတစ်မျိုးဖြင့် ရိုက်ချက်တွေက ပျင်းလာတော့ ဒေါသကထောင်းကနဲ ထွက်လာသည်။

" ဘာလဲကွာ!! ဘယ်သူလဲ!! ဘာကိစ္စမိုးမလင်းသေးဘူး လူကိုလာနှိုးနေတာလဲ!! "

မျက်လုံးကိုဖွင့်မကြည့်နိုင်သေးပဲ သူ့ကိုလာအော်နေတဲ့ကိုးကို ခုနကထက် နှစ်ဆလောက် အားပိုထည့်ကာ ရိုက်ချလိုက်သည်။

" ဟျောင့်!! ဇ၀ါ နာတယ်ဟ!! "

" နာအောင်ရိုက်မှတော့ နာမှာပေါ့ ငမူးကောင်ရဲ့...အချိန်လဲတစ်ချက်ရှိုးဦး လခွမ်းကိုမိုးမလင်းသေးတာလား နေကမင်းဖင်ထဲတောင် ထိုး၀င်တော့မယ်...ဟိုဘက်က ကိုယ်တော်လေးလဲ ကျွန်တော်မျိုးရဲ့ ရိုက်ချက်ကို ထပ်ပြီးမခံချင်ရင် အမြန်ထတော် မူပါနော် "

မနေ့က ဒီနှစ်ကောင်ဘယ်လောက်တောင် သောက်ထားသည်မသိ ၀ယ်လာတဲ့ အရက်တွေတော့ အကုန်ပြောင်ပြီ...ဒီတစ်ခါနဲ့ဆို ဒီနှစ်ကောင်ကို နှိုးကြတာ သုံးခါတောင်ရှိပြီ ပထမက ကိုကိုကသွားနှိုးသော်လဲ မထကြ...မမနွေသွားနှိုးပြန်တော့လဲ မရ...အခုတစ်ခါ အကြမ်းနည်းသုံးပြီး နှိုးတော့မှသာ ထကြသည်။

ဒါတောင် ရေချိုးခန်းထဲ အိပ်နေကြဦးမလား မသိ...။

" နိုးသွားပြီလား "

မီးဖိုချောင်ထဲကိုပြန်၀င်လာတော့ မုန့်လုံး,လုံးနေသည့် မမနွေကမေးလာသည်။ ခုံမှာပြန်ထိုင်လိုက်ပြီး လက်ကိုဆီစွတ်ကာ မုန့်လုံးပြန်လုံးရင်းပဲ...။

" နိုးပြီလေ...မနိုးလို့လဲ မရပါဘူး ကျွန်တော့်လက်ကဒီလောက် စွမ်းတာကို ဟင်းဟင်းး "

သူ့လက်ကိုထောင်ပြကာ ပြောလာသည့် ဇ၀ါ့ကြောင့် လုံးနေတဲ့ မုန့်လုံးပင်ပြားသွားရသည်...။

" ဇ၀ါ "

" ပြောလေ မမနွေ "

" တို့ကိုတစ်မျိုးတော့ မထင်ပါနဲ့...တို့တစ်ခုလောက်မေးချင်လို့ "

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now