အပိုင်း - ၅

1.9K 85 2
                                    

မနက်နိုးလို့ ဖုန်းဖွင့်ကြည့်တော့ အကြိမ်များစွာသော ခေါ်ဆိိုမှုများကိုတွေ့ရသည်။ ဒါဟာလဲ ကိုးတစ်ယောက်ထဲဆီကသာ။ ကိုးတော့ ဘယ်လိုဖြစ်နေမလဲမသိ သူကတော့ညကအိပ်ပျော်သွားမိတာ နှစ်နှစ်ခြိုက်ခြိုက်ပဲ။ စဥ်းတော့စဥ်းစားမိပါ၏ သူလွန်များလွန်သွားသလားလို့။ အို ဘာမှတော့မဖြစ်လောက်ပါဘူး လမ်းထိပ်မှာသူ့ကိုမတွေ့ရင် ခနလောက်တော့ စောင့်ပြီး စိတ်မရှည်စွာပြန်သွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် နဂိုထဲက ဧပရယ်fool ဆိုတာ အဲ့လိုစရတာမဟုတ်လား။

ဘာမှတွေးမနေတော့ပဲ အချိန်က၆နာရီပဲရှိသေးဖြင့်ရေချိုး အ၀တ်အစားလဲကာ ပြင်ဆင်လိုက်သည်။ ကိုးနဲ့ ဘုရားသွားမယ်ပြောထားတယ်မလား။ ဂါ၀န်နဲ့တော့ ဘုရားသွားလို့မကောင်းသောကြောင့် နှင်းဆီရောင်ချိတ်၀မ်းဆက်ကိုပဲ ၀တ်ကာ နှုတ်ခမ်းနီ ပါးပါးဆိုးဖြစ်သည်။

အောက်ထပ်ကို ဆင်းလာတော့ အချိန်က၆နာရီ၄၅မိနစ်။ အမေက အဖေ့အတွက် မနက်စာပြင်ပေးနေ၏။ သူကတော့ အပြင်ရောက်မှပဲ တစ်ခုခုစားတော့မည်။ အဖေ့ဘေး၀င်ထိုင်တော့ အဓိပ္ပာယ်ဖော်လို့မရတဲ့ မျက်လုံးတွေနဲ့ကြည့်လာကြသည်။ သူမိတ်ကပ်ပြင်တာများ ထူသွားလို့လား။

" ဘာလို့အဲ့လိုကြည့်နေကြတာလဲ သမီးမျက်နှာမှာတစ်ခုခု ပေနေလို့လား "

မနေနိုင်တော့တဲ့ အဆုံးမေးမိသည်။ အမေက နွားနို့တစ်ခွက်သူ့ရှေ့ချပေးလာပြီး မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်သည်။

" မနေ့ညက ညည်းတို့အတော်မွှေတာပဲ "

" ဟင်! "

အမေဘာကိုဆိုလိုချင်တာလဲ သူမသိပါ။

" မနေ့ညက ညကြီးအချိန်မတော် ကိုးရောက်လာတယ်လေ ဆိုင်ကယ်မှောက်လာတာတဲ့ နဖူးမှာရော လက်မှာတွေမှာရော သွေးတွေကိုရဲနေတာပဲ... "

ထို့နောက်တော့ အမေက သူ မသိတဲ့အကြောင်းများ ပြောလာသည်။ ဘာလဲ ဒါဆို ကိုးကအိမ်အထိ သူ့ကိုလာရှာတာပေါ့။ ပြီးတော့ အမေတို့ကို ဘာလို့အမှန်အတိုင်းမပြောရတာလဲ။

" ဖေဖေတော့ သူမူးနေတယ်ဆိုတာကို မယုံဘူး သမီး...ဘာလို့ဆို သူ့ဆီက သောက်ထားတဲ့အနံ့လုံး၀မထွက်ဘူး...ဖေဖေတို့ကို အမှန်အတိုင်းပြောပြမလား သမီးတို့ညက ဘာဖြစ်ကြတာလဲ "

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now