အပိုင်း - ၁၆

1.5K 72 0
                                    

" စကား ခနပြောရအောင် "

အဖြေရှာမရတဲ့ ပုစ္ဆာတွေ အတွက် ကိုကို့ရုံးခန်းရှိရာကို အလုပ်တွေအကုန်ဖြတ်ပြိီး ထွက်လာမိတယ်...။

" ဘာကိစ္စလဲ ကိုး...ပိုက်ဆံမရှိတော့လို့လား "

ဒီစကားက သူ့သိက္ခာကို စော်ကားလိုက်သလိုပဲ...။ဘေးနားက ထိုင်ခုံကိုဆွဲယူကာ ထိုင်လိုက်သည်...။

" အပိုစကားတွေ ပြောဖို့လာတာ မဟုတ်ဘူး ကိုကို...ကိုကိုနဲ့တွဲသွား တွဲလာ လုပ်နေတဲ့ အမျိုးသမီးက ဘယ်သူလဲ "

" ကိုးသူငယ်ချင်းက မပြောဘူးလား...ကိုကိုက သိပြီးလို့ ရောက်လာတယ် ထင်တာ...နောက်လထဲဆိုပဲ ကိုကိုတို့ လက်ထပ်တော့မှာလေ အဲ့တော့ကိုးရဲ့ ယောင်းမလောင်းပေါ့ "

လက်တော့ကို အကြည့်မပျက်ပဲ အေးအေးလူလူ ပြောလာတဲ့ ကိုကိုဟာ ကိုကိုမဟုတ်တော့ဘူး။ အတင်းဟန်ဆောင် လုပ်ယူနေတဲ့ ပုံလိုမျိုး။

" ဖေဖေကြီးကြောင့်မလား...ဘာလို့ကိုယ်စိတ်ချမ်းသာမဲ့ လမ်းကို မရွေးလဲ ကိုကိုရယ်...အဲ့တာက အဓိကတော့ မဟုတ်ပါဘူး...အခု ကိုးသူငယ်ချင်း ဘယ်လောက်တောင် ခံစားနေရတယ် ထင်လဲ...​စကားနဲ့ဖော်ပြလို့တောင် မရဘူး...သူဟိုတလောကမှ ဆေးရုံဆင်းပြီး မုံရွာပြန်သွားတယ် အခုဟိုမှာ ဆေးရုံပြန်တက်နေရတာ...နှလုံးရောဂါအစပြုနေပြီတဲ့လေ..."

လက်တော့ပေါ်မှာ ပြေးလွှားနေတဲ့ ကိုကိုရဲ့လက်ချောင်းတွေ ရပ်တန့်သွားတာကို တွေ့ရသည်...မလိမ်ချင်စမ်းပါနဲ့တော့လား...။

" ဘာလို့များ ကိုကို့ရဲ့တစ်ကိုယ်ကောင်းဆန်ဆန် ရွေးချယ်မှုက ဇ၀ါ့အပေါ်သက်ရောက်ရတာလဲ...အပြင်ကလောကကြီးကို လျစ်လျူမရှုမထားပဲ အဲ့လှောင်အိမ်ကြီးထဲကနေ ထွက်လာခဲ့ပါတော့ ကိုကိုရာ...ကိုးတောင်းဆိုတာပါ ဇ၀ါ့မှာ ကိုကိုမရှိလို့ မဖြစ်ဘူး "

" မေမေ့မှာလဲ ကိုကိုမရှိလို့ မဖြစ်ဘူး ကိုး!!...တစ်ကိုယ်ကောင်းဆန်တယ် ထင်ရင်လဲ ထင်နိုင်ပါတယ်ကွယ်...ဒါတွေ ကိုးနားမလည်နိုင်ပါဘူး "

" ဟုတ်တာပေါ့ ဘယ်နားလည်နိုင်မလဲ ကိုးမှာအမေမှ မရှိတော့ပဲ..."

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now