အပိုင်း - ၈

1.8K 79 0
                                    

" ကျွန်တော် ပျိုမဒီ့ကို ချစ်တယ်...စတွေ့ကထဲက သဘောကျမိနေခဲ့တာပါ ကျွန်တော့်ကို စဥ်းစားပေးနိုင်မလား ဟင် "

" ရှန်!!...ကျွန်မလက်ကို လွှတ်ပါ ကိုလေညို  "

ကိုလေညို ချိန်းဆိုသည်တို့ကို လက်မခံတာ အကြိမ်ရေများနေပြီ ဖြစ်တဲ့အတွက် ပြတ်ပြတ်သားသားတော့ပြောသင့်ပြီထင်လို့ ဒီနေ့ချိန်းဆိုမှုကို လက်ခံလိုက်သည်။ ဆိုင်တစ်ဆိုင်ရောက်သွားတော့ သူ့လက်ကိုကိုင်ကာ ထင်သည့်အတိုင်းဖွင့်ပြောလာသည် ဒါမဲ့လက်ကိုကိုင်တာကတော့ လွန်တယ်မထင်ဘူးလား...။ ကိုးတောင် သူ့ကိုဖွင့်ပြောတုန်းက တုန်တုန်ရင်ရင်လေးနဲ့ ကလေးလေးလိုဖြူစင်နေခဲ့တာကို ကိုလေညိုကတော့...။

" အာ...ဟုတ် ဟုတ်ကဲ့...ဆောတီးပါနော် "

" ရပါတယ်...ကျွန်မ ငြင်းပါရစေ "

" ဗျာ!!..ချက်ချင်းကြီးတော့ မဆုံးဖြတ်နဲ့လေ ပျိုမဒီရယ် ကျွန်တော်က ပျို့အတွက် လိုအပ်ချက်တွေရှိနေတဲ့ ယောက်ျားတစ်ယောက်မလို့လား ဟင်...ပျို ဘာမကြိုက်လို့လဲ ကျွန်တော်အကုန်ပြင်ပေးပါ့မယ် "

ပြာပြာသလဲလဲ ပြောလာရှာတဲ့ ကိုလေညို့ကို စိတ်မကောင်းဖြစ်မိသော်လဲ မတတ်နိုင်ပေ...သူမှသဘောမကျနိုင်တာ...

" စိတ်တော့မရှိပါနဲ့ ကိုလေညို...ဒါကျွန်မဘက်ကအရှင်းဆုံး ပြောလိုက်တာပါ...ကျွန်မရှင့်ကို မိတ်ဆွေတစ်ယောက်လိုပဲ သဘောထားနိုင်တယ်...ကျွန်မသွားတော့မယ် "

" နေ... "

တစ်ဖက်ကလူ ဘာမှပြန်မပြောခင်မှာပဲ သူဆိုင်ထဲကနေ ထွက်လာလိုက်တော့တယ်...လာတုန်းကလဲ taxi နဲ့လာသလို ပြန်တော့လဲ taxi ပဲငှားပြန်ရမှာပေါ့...taxi နဲ့လာဆို သူမှဆိုင်ကယ်မစီးတတ်တာ...။ မန္တလေးသူက ဆိုင်ကယ်မစီးတတ်ဘူးတဲ့ သူများကြားရင် ရယ်နေပါဦးမယ်။

ဒီရက်တွေအတွင်း သေချာစဥ်းစားလာခဲ့တာပါ အဖြေတစ်ခုတော့ ထွက်ခဲ့တယ်...ကိုလေညို့အပေါ် ဘာစိတ်မှမရှိပါ...ဒါမဲ့ ကိုး..။ ကိုးကိုရော သူဘယ်လိုသဘောရလဲ အခုထိအဖြေရှာလို့မရခဲ့ဘူး...။

* တီ တီ *

" come on baby...ကိုး ကားပေါ်တက် "

taxi အသွားအလာနည်းတဲ့နေရာမလို့ အကြာကြီးစောင့်နေရသေးသည်။ ကိုလေညိုက သူနဲ့လိုက်ခဲ့ရန်ခေါ်သော်လဲ ငြင်းလိုက်ပြီး taxi အလာကိုသာစောင့်နေခဲ့သည်။ အတော်ကြာတော့ ဟွန်းတီးသံနဲ့အတူ ကားပေါ်ကနေ ဆင်းလာပြီး ကားတံခါးဖွင့်ပေးလာတဲ့ ကိုး။

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now