အပိုင်း - ၁၂

1.7K 68 2
                                    

ဒီနေ့မှ မိုးတွေဟာအတော်ကိုသည်းနေခဲ့သည်...မနက်မိုးမလင်းခင်အချိန်ထဲက မိုးကျသံတွေနဲ့ ဇ၀ါအိပ်မပျော်တော့...အိပ်မရမဲ့အတူ ထကာမျက်သစ်လိုက်ပြီး ကော်ဖီတစ်ခွက်ဖျော်လိုက်သည်။ ကိုးတို့ဆီကပြန်လာသည်မှာ ဒီနေ့နဲ့ဆို တစ်ပတ်ရှိသွားပြီ...ဒီတစ်ပတ်လုံးလဲ အိမ်တွင်းအောင်းကာ ဘယ်ကိုမှမသွားခဲ့...ရတုကတော့ ညနေတိုင်းလာပြီး စကားပြောလေ့ရှိသည်။

အမေတစ်ခုသားတစ်ခုဖြစ်တဲ့အပြင် အမေကလဲအလုပ်မှာပဲ မိုးလင်းကမိုးချုပ် အချိန်ပြည့်ရှိနေသောကြောင့် သူဒီလိုအိမ်တွင်းအောင်းနေတာကို ဂရုမစိုက်အား...အဲ့တာလဲကောင်းတာပဲလေ အခုအချိန်မှာ ဘယ်သူ့ဘယ်သူကိုမှ ရှည်ရှည်ဝေးဝေးရှင်းပြချင်စိတ် ရှိမနေဘူး။

ပြတင်းပေါက်နားမှာ၀င်ထိုင်ကာ မှန်ပြတင်းအပြင်က အလင်းရောင်ထွက်စပြုတော့မဲ့ ကောင်းကင်ကြီးရယ်၊ မိုးပေါက်လေးတွေရယ်ကို ငေးငေးငိုင်ငိုင်ကြည့်မိသည်။ ခုနကမှ ဖျော်လာတဲ့ ကော်ဖီပူကြီးကို မမှုတ်ထဲသောက်ချလိုက်တော့ လျှာပေါ်မှာမီးခဲကြီးတင်လိုက်သလို...ဂရုမပြုအားတော့ပါဘူး သူ့ကိုမိုးပေါက်လေးတွေက ပြုစားထားပြီးနေပြီ...ပူခါးခါးကော်ဖီတွေက လည်ပင်းတစ်လျှောက်ကနေ ဆင်းသွားတော့...
ကိုကို့ကိုလွမ်းလိုက်တာ။

ရက်စက်လှသူကြီးက သူတို့ပြန်မယ်ဆိုတဲ့နေ့မှာ ကားဂိတ်အထိ လိုက်ပို့ခဲ့ပြီး ဂရုစိုက်နော်ဆိုတဲ့ စကားလေးတစ်ခွန်းတောင်မဆိုခဲ့သူ...။

ရုတ်တရပ်ပဲ လူကမိုးပေါက်လေးတွေကို ထိတွေ့ချင်းစိတ်တွေပေါက်ဖွားလာသဖြင့် ပြတင်းတံခါးကိုဖွင့်လိုက်တော့ လေအေးတွေကမျက်နှာကို ရိုက်ခက်လာကြသည်...မျက်လုံးကိုမှိုတ်ကာ အသာတကြည်ခံယူလိုက်ပြီး မိုးပေါက်လေးတွေ အကြမ်းပတမ်းကျနေတဲ့ အပြင်ဘက်ကို လက်ထုတ်တော့ အေးမြမှုက ရင်ဘက်ထဲကအပူကို မငြိမ်းနိုင်ပြန်ဘူး...ကော်ဖီပူတွေနဲ့လဲ ကုစားခဲ့ပြီးပြီ မိုးပေါက်လေးတွေနဲ့လဲ ကုစားကြည့်ပြီးပြီ...ဘာတစ်ခုကမှ သက်ရောက်မှုမရှိဘူး ကိုကို..။

" လွမ်း..တယ် ကိုကိုရယ် "

မျက်ရည်ပူပူတွေ ပါးပြင်ပေါ်လှိမ့်ဆင်းကျသွားပြန်တော့ ကိုယ့်ကိုယ်ကိုယ်ပျော့ညံ့တဲ့ လူတစ်ယောက်ဆိုတာကို လက်မခံချင်ဖြစ်လာရတယ်...။

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now