အပိုင်း - ၁၉

1.7K 77 0
                                    

" ဖေဖေ!!...မေမေ!!...အယ် ဘယ်တွေရောက်ကုန်ကြတာလဲ...ကိုးရေ "

ညနေခင်း တမှေးအိပ်ပျော်သွားချိန် ပြန်နိုးလာတော့ အိမ်ထဲမှာ ဘယ်သူ့ကိုမှ မတွေ့ရ...တစ်အိမ်လုံးနှံ့အောင် လျှောက်ရှာရင်းပါးစပ်ကလဲ အော်ခေါ်နေမိတယ်...ရှာရင်း၊ ရှာရင်းနဲ့ ကြာလာတော့ ခြေကုန်လက်ပမ်းကျကာ ငိုချင်လာ၏...။

" အာ!! မစကြနဲ့လေ ဒီမှာငိုချင်လာပြီ...ပုန်းနေတာဆိုလဲ ထွက်ခဲ့ကြပါတော့လို့ "

မတွေ့တဲ့ အဆုံး ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ပစ်လှဲလိုက်ပြီး ငိုသံကြီးနဲ့ပြောတော့ တစ်အိမ်လုံးမှ ဖွင့်ထားတဲ့ မီးတွေ အမှောင်ကျကုန်သည်...အပြင်ဘက်မှာ အလင်းရောင်နည်းနည်းကျန်နေသေးသော်ငြား သူရှိရာနေရာကိုတော့ အလင်းရောင် ကောင်းကောင်းမပေးစွမ်းနိုင်...။

ငေါက်ကနဲ ကောက်ထိုင်ကာ စိတ်တွေပူထူသွားပြီး ငိုမိတော့မဲ့ အချိန်မှာပဲ တစ်နေရာကနေ ဂီတာသံ ငြိမ့်ငြိမ့်လေးက ထွက်ပေါ်လာ၏...အသံကြားရာနေရာကို မျက်နှာမူလိုက်တဲ့အခါ တစ်နေရာကနေ အနီရောင် မီးတန်းထွက်ပေါ်လာပြီး အသံပိုင်ရှင် ' ကိုး ' အားမြင်လိုက်ရသည်။

စိတ်အစုံဟာ အ၀ါရောင်,ရောင်ခြည်လို နွးထွေးသွားတော့ တည်တည်ငြိမ်ငြိမ်လေးပဲ ပြုံးမိတယ်...။

" 🎼When you were here, the stars disapper🎼"
အနားမှာ မင်းရှိနေရင် ကြယ်တွေတောင် ပျောက်ကွယ်သွားတယ်

" 🎼Nothing can outshine the dress that you wear🎼 "
မင်း၀တ်ထားတဲ့ ၀တ်စုံလေးလောက် ဘယ်အရာမှ ပိုမတောက်ပနိုင်ဘူး

" 🎼We should be dancing ' cause girl, you look stunning🎼 "
မင်းအရမ်းလှနေတော့ ကိုယ်တို့ ကသင့်တယ်လို့ ထင်တယ်

" 🎼Let's spend the night together 'till reach the morning🎼 "
မနက်မိုးလင်းတဲ့အထိ ဒီညလေးကို ကိုယ်တို့အတူ ဖြတ်သန်းကြမယ်လေ

" 🎼Up and above, never enough🎼 "
ပြောရမယ်ဆိုရင် ကိုယ့်အတွက် အချိန်ကမလုံလောက်ဘူး

" 🎼I wanna hold your hand and show what is love🎼 "
မင်းလက်ကိုဆွဲပြီး အချစ်ဆိုတာကို ပြချင်တယ်

" 🎼When you are smilling, and when you are laughing🎼 "
မင်းပြုံးနေတဲ့အချိန် ပြီးတော့ မင်းရယ်နေတဲ့အချိန်

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now