အပိုင်း - ၄

1.9K 90 0
                                    

သူဧည့်ခန်းထဲမှာစောင့်ရတာပျင်းလာသည်နှင့် ဟိုစပ်စုဒီစပ်စုဖြင့် ဟစိလေးပွင့်နေသော အခန်းတစ်ခုထဲ ၀င်လာခဲ့သည်။ ပန်းချီကားတွေအမြောက်အများရှိသောအခန်းတစ်ခုဖြစ်၏။ တစ်ချို့ကားချပ်တွေဆို ပိတ်စများအုပ်ထားသည်ကထားဖြင့် တစ်ချို့ဆိုရင်တော့ နံရံမှာချိတ်ဆွဲထားသည်က များသည်။

အခန်းအလယ်မှာ တစ်ခုတည်းသော ပိတ်စအုပ်ထားတဲ့ ကားချပ်ကိုဖယ်ကြည့်ဖို့လက်လှမ်းတော့ နောက်ကနေ ကိုးရဲ့အသံထွက်လာပြီး လန့်ဖြန့်ကာ တစ်ချက်တုန်တက်သွားရသေးသည်။

ကိုးကိုနောက်မစရန်ပြောပြန်တော့လည်း သူကပြုံးပြုံးကြီးသာ ငေးနေရဲ့။ ဘာတွေသဘောကျနေလည်း မသိပါဘူးလေ။

" ဟုတ်ကဲ့ပါ...အခုသွားရအောင်လေ ဆိုင်ကယ်ကို ကိုးမောင်းမယ် "

ဟောတော့် အိမ်အပြင်ရောက်မှ သေချာကြည့်မိတယ် ကိုး၀တ်ထားတာသူနဲ့ ကာပယ်အရောင်ဖြစ်နေသည်။ ရင်ဘက်ထဲကကြည့်နူးသလိုလိုဖြစ်ကာ နှုတ်ခမ်းသားတို့အလိုလို ပြုံးစိစိဖြစ်သွားရဲ့။ သူကိုယ်တိုင်တောင်မသိလိုက်ပါ။

" ခါးကို တင်းတင်းဖက်ထားနော် မမနွေ...ကိုးကဆိုင်ကယ်မောင်းကြမ်းတယ် "

နောက်ပြန်လှည့်ကြည့်လာပြီး လူယုတ်မာအပြုံး,ပြုံးကာ ပြောလာသည်။

" ကြောက်စရာလားကွယ်...မောင်းမှာသာမောင်းပါ ဘယ်လောက်ကြမ်းကြမ်းမောင်းနိုင်မှာမလို့လဲ "

ခနဲ့သလိုပြန်ပြောတော့လည်း တခွီးခွီးနဲ့ရယ်နေပါသေးတယ် ကိုးဆိုသည်မှာလည်း အတော်အရယ်သန်တာပဲ။

ဆိုင်ကယ်မောင်းတာတော့ တကယ်ကြမ်းသည်။ တမင်ပဲသူမကြောက်,ကြောက်အောင် မောင်းနေသလားတော့မသိ။ လမ်းတစ်ခုအရောက်တွင် ချိုင့်ခွက်ကိုမရှောင်ပဲ မောင်းမိသဖြင့် သူယောင်ယမ်းကာ ကိုးရဲ့ခါးကိုတင်းတင်း ဖက်မိသွားသည်။

အိုရှင်...ရှက်လိုက်တာလွန်ပါရော။ ရှေ့ကအကြံဆိုးနဲ့ လူကတော့ ကျိတ်ပျော်နေရှာရဲ့။ ချော်လဲရောထိုင်လုပ်ပြီး ကိုးခါးကိုလွှတ်မပေးတော့ပဲ ဆိုင်ရောက်သည်အထိ ဖက်တွယ်ထားလိုက်ပါတော့တယ်။ အရှက်ပြေပေါ့..။

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now