Intro - uni

549 17 0
                                    

လက်ဖမိုးနဲ့ မျက်ရည်တွေကို ဖိသုတ်ရင်း ခြေဦးတည့်ရာ ပြေးနေမိသည်။

နေရာစိမ်းလဲဖြစ် တစ်ခါမှလဲ မရောက်ဖူးတာမို့ ရေရေရာရာမသိသော်ငြားလည်း ခြေထောက်တွေကို မရပ်တန့်နိုင်ခဲ့။

မောပန်းပြီး ရေဆာနေပေမယ့် ရပ်လိုက်တာနဲ့ ငရဲပြန်သွားရမယ်မှန်း သိနေတာမို့ ပြေးမြဲပြေးနေမိဆဲ။

စျေးလို့ထင်ရတဲ့ နေရာကို ဝင်ပြေးမိတော့ လူများနေတဲ့အတွက် ဟိုလူဒီလူတိုက်မိကုန်လျှင် ထယ်ယောင်း "Sorry" တစ်ခွန်းသာ တွင်တွင်ပြောမိသည်။

ကိုယ်မှ ဒီနိုင်ငံရဲ့ဘာသာစကားမှ မသိပဲ ..။

စျေးလမ်းတစ်လျှောက် တရှိန်ထိုးပြေးလာပြီး စျေးက ထွက်လာခဲ့တဲ့အချိန်မှာတော့

"ဟေ့ ဟေ့ အရှေ့မှာ ကား"

"အိုး"

ရုတ်တရပ် တစုံတယောက်က ထယ်ယောင်းရဲ့လက်ကို ဖျတ်ခနဲ ဖမ်းဆွဲလိုက်တော့ ထယ်ယောင်းရဲ့ ခန္ဓာကိုယ်လေးက သူ့ရဲ့ရင်ခွင်ကျယ်ထဲသို့ အင့်ခနဲရောက်သွားလျှင် သူက ကျန်လက်တစ်ဖက်ဖြင့် ထယ်ယောင်းရဲ့ပုခုံးလေးအား အလျှင်အမြန် ဖမ်းထိန်းပေးထားသည်။

သူလဲ လှမ်းဆွဲပြီးတာနဲ့ Bus ကား အဝါကြီးတစ်စီးက ထယ်ယောင်းအရှေ့က အရှိန်နဲ့ ဖြတ်သွားကာ လေလေးတွေတောင် ထယ်ယောင်းရဲ့မျက်နှာကို လာရိုက်ခတ်သည်။

သူဆွဲတာ မြန်လို့ပေါ့။ မဟုတ်ရင် Bus ကား အဝါကြီး အောက်မှာ ထယ်ယောင်းအစအနတောင် ရှာတွေ့တော့မှာ မဟုတ်။

ကားတွေက တစ်စီးပြီး တစ်စီး အရှေ့က ဖြတ်သွားနေသလို ထယ်ယောင်းလဲ အခုထိ ရင်တုန်တာ မပျောက်သေး။

"Thank You"

သူ့မျက်နှာကို မမြင်ရသေးပေမယ့် သူ့ရင်ခွင်ထဲကနေ ထယ်ယောင်း ခပ်တိုးတိုးလေး ကျေးဇူးတင်စကားပြောလိုက်တော့ သူက ထယ်ယောင်းရဲ့နားရွက်နားလေး ကပ်ကာဖြင့်

"မြန်မာမှာ ကားလမ်းကူးရင် သိပ်ဂရုစိုက်ရတာ"

သူ့ရဲ့ ကိုရီးယားအသံဝဲဝဲက နားထဲစီးဝင်လာလို့ တအံ့တဩလှည့်ကြည့်မိသည်။

"ကိုရီးယားလူမျိုးလား ?"

"မြန်မာလူမျိုးပါ၊ကိုရီးယားစကားပြောတတ်ရုံပဲ"

သူက ပြုံးရယ်ပြရင်း ပြန်ပြောသည်။

"မင်းက ကိုရီးယားထင်တယ် ?"

"အင်း"

"တစ်ယောက်တည်းလာတာလား ?"

သူက မျက်နှာလေးကို အုပ်မိုးကြည့်လျက် မေးသည်။

တစ်ယောက်တည်းမဟုတ်ဘူး ထွက်ပြေးလာတာပါလို့ ပြောချင်ပေမယ့် အခုမှ တွေ့တဲ့လူမို့ ခေါင်းပဲညိတ်ပြလိုက်သည်။

သူက အံ့ဩသွားဟန်ဖြင့် ..

"အိုး .. မင်းက ငယ်ဦးမယ် ထင်တယ်"

"ကျွန်တော် ၁၉ ပြည့်သွားပါပြီ"

"အာ .. ငယ်သေးတာပဲ။ ကိုယ်က ၂၁"

"ကျွန်တော် သွားရတော့မယ်"

ကိုယ့်ကိစ္စနဲ့ကိုယ်မို့ ထယ်ယောင်း သူနဲ့စကားဆက်ပြောနေဖို့ အချိန်မရှိတာကြောင့် သူ့ရှေ့က ထွက်သွားမယ်လုပ်တော့ သူက လက်ကို လှမ်းဆွဲရင်း

"မင်း တစ်ယောက်တည်းလာတာ။ ကိုယ်က ဒီနိုင်ငံသားဆိုတော့ မင်း ဆန္ဒရှိမယ်ဆို မင်းသွားမယ့်နေရာ က်ိုယ်လိုက်ပို့ပေးမယ်လေ လမ်းမမှားအောင်"

"ကျွန်တော် .."

ထယ်ယောင်း ဘာပြန်ပြောရမှန်းမသိ။ ထယ်ယောင်းရဲ့ အမူအယာကိုကြည့်ကာ သူက တစ်မျိုး သဘောပေါက်သွားပုံရသည်။

"ကိုယ်က မင်းကို မေးကြည့်ရုံပါ။ တကယ်လို့ မင်း အဆင်မပြေလဲ ရပါတယ်"

သူက မျက်နှာတော့ ပျက်သွားပေမယ့် ပြုံးပြုံးလေးပဲ ပြန်ပြောသည်။ ထယ်ယောင်း သူ့ကို ပြန်ပြောစရာ စကားလုံးတွေ စဉ်းစားနေတုန်းမှာပဲ ဘတ်အွန်းယူရဲ့လူတွေကို တွေ့လျှင် ထယ်ယောင်း ဘာမှ မစဉ်းစားတော့ပဲ သူ့လက်ကို ဆုတ်ကိုင်လိုက်ပြီး

"သွားမယ် .. အတူသွားရအောင် အစ်ကို .."

ပြောပြီးတာနဲ့တစ်ပြိုင်နက် သူ့လက်ကိုပါဆွဲပြီး ကားလမ်းတစ်လျှောက် ပြေးတော့ သူက ကြောင်တောင်တောင်ဖြင့် ပါလာသည်။

ထယ်ယောင်းက လှည့်ကြည့်လှည့်ကြည့်နဲ့ ပြေးတော့ သူကလဲ အနောက်လှည့်ကြည့်ပြီး သဘောပေါက်သွားပုံဖြင့် သူကတောင် တစ်ပြန်စီး ထယ်ယောင်းကို ဦးဆောင်ပြီး ပြေးသည်။

ပြေးရင်းလွှားရင်း လူခပ်ရှုပ်ရှုပ်လမ်းသွယ်ထဲ ဝင်လိုက်တော့မှ ဘတ်အွန်းယူရဲ့လူတွေ ပါမလာတော့။

လမ်းထောင့်တစ်နေရာ ကားအကြီးတစ်စီးရဲ့အနောက်မှာ နှစ်ယောက်သား ထိုင်ချလိုက်ပြီး အမောဖြေရင်း သူ့ကို မေးလိုက်မိသည်။

"အစ်ကို .. ဒါဘယ်နေရာလဲ ?"

"ဗိုလ်ချုပ်စျေး"

Destiny Await In BurmaWhere stories live. Discover now