3 ZG

15 2 0
                                    

မနက်ကတည်းက Strawberry cake နှင့် strawberry juice ကို ထယ်ယောင်းကိုယ်တိုင် ပြုလုပ်ကာ ဂျောင်ဂုအတွက် မနက်စာပြင်ပေးထားသေးသည်။ ထို့ကြောင့် အပြင်တွင်မနက်စာစားလေ့ရှိသူမှာ ယခု အိမ်တွင်သာ မနက်စာစားနေပေသည်။

"ထယ်ယောင်း ဒီ sim cardကို ထည့်သုံး"

"ဟုတ်ကဲ့ ကျေးဇူးပါ၊ဒါနဲ့ အစ်ကိုဂျောင်ဂု အလုပ်မသွားဘူးလား"

"ကိုယ် ဒီနေ့အားတယ် အပြင်သွားချင်လား၊ ဘယ်သွားချင်လဲ"

"ကျွန်တော်မှ ဒီက နေရာတွေမသိတာ၊အစ်ကိုကောင်းမယ်ထင်တဲ့ နေရာတွေလိုက်ပို့လေ"

"အင်း လိုက်ပို့ပေးမယ်၊ထယ်ယောင်း ရေချိုးပြီး အဝတ်အစားသွားလဲတော့"

ထယ်ယောင်း နေရာမှ ထသွားသည်နှင့် ဂျောင်ဂုမှာ Symon အား ဖုန်းဆက်ကာ ကားလာပို့ခိုင်းရသည်။ ထယ်ယောင်းအား သူဟာ သာမာန်လူဟုပြောထားသည်ကြောင့် ကားအကြောင်းမေးလာလျှင် ကုမ္ပဏီက ကားကို ငှားထားကြောင်း အကြောင်းပြချက်ပေးရမည်ဖြစ်သည်။

Symonမှာ ဂျောင်ဂုမှာသည့် ကားအား လာပို့ပြီးသည်အထိ ထယ်ယောင်းမှာ ပြင်ဆင်၍ မပြီးသေးသောကြောင့် ဂျောင်ဂုလည်း ရေထပ်ချိုးကာ အဝတ်အစားလဲဖို့ အပေါ်ထပ်သို့ တက်လာခဲ့သည်။

ဂျောင်ဂုပြင်ဆင်ပြီး၍ အခန်းထဲက ထွက်လာခ်ျိန်တွင် ထယ်ယောင်းမှာ ဧည့်ခန်းတွင် ထိုင်စောင့်နေသည်။

"ထယ်ယောင်း စောင့်နေတာကြာသွားပြီလား"

"မကြာသေးပါဘူး အစ်ကို၊ဒါနဲ့လေ အိမ်ရှေ့က ကားက ဘယ်သူကားလဲ"

"အော် အကို ငှားထားတာ၊ bus နဲ့ဆို ကြာမှာဆိုးလို့"

"......"

ထယ်ယောင်ဆီက ပြန်ဖြေသံမကြား၍ ဂျောင်ဂု ထယ်ယောင်းအား သေချာကြည့်လိုက်သည့်အချိန်တွင် ထယ်ယောင်းမှာ အဖြူရောင် တီရှပ်အား ဂျင်းအနွေးထည် ပါးပါးလေးထပ်ကာ ဝတ်ထားသည်။

ဂျင်းဘောင်းဘီအတိုကြောင့် ပေါ်လွင်နေသော ခြေသလုံးဖွေးဖွေးလေးများ။ဂျောင်ဂု​၏ အကြည့်များမှာ ထယ်ယောင်း​၏ ဖြူဖွေး သွယ်လျသော ခြေတံတွင် နစ်မွန်းနေပြီဖြစ်သည်။

Destiny Await In Burmaحيث تعيش القصص. اكتشف الآن