5 uni

47 3 0
                                    

"ထပ်ထွက်ပြေးလည်းအပိုပဲ၊ မင်းတို့သား ပုန်းနေတဲ့ နေရာကို သိလို့ သွားခေါ်နေကြပြီ"

"အောက်တန်းစား...ကလေးတွေနဲ့ ဘာဆိုင်လို့လဲ"

"နိုး မဆိုင်ပါဘူး..သူတို့ကို ငါခံစားခဲ့ရသလိုပဲ ခံစားစေချင်တာလေ"

"ရူးတာပဲ"

"ဟားဟားဟားဟား"

"မင်းတို့က ဘယ်သူနဲ့ ပတ်သတ်တဲ့လူတွေကို ထိဖို့ ကြိုးစားနေတာလဲ"

ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာသော အသံကြောင့် ဘတ်အွန်းယူ ကိုယ်တိုင်ပင် တုန်လှုပ်သွားရတဲ့အထိ။

မှားနိုင်စရာအကြောင်းမရှိပေ။ အရင်တခါကတည်းက သူတို့နဲ့ဆက်နွယ်နေတဲ့ဂိုဏ်းက ဘယ်ဂိုဏ်းလည်းဆိုတာကို ဘတ်အွန်းယူသိပြီပြီးဖြစ်သည်။

"Rab..rabbit.."

အထစ်ထစ်အငေါ့ငေါ့ဖြင့် ထွက်လာသော ဘတ်အွန်းယူ​၏ တပည့်တစ်ယောက်​၏ အသံ​။ သူနောက်လှည့်ကြည့်လိုက်သည်နှင့် မြင်လိုက်ရသည်က မျက်နှာတစ်ဝက်အုပ်သော ယုန်မျက်နှာဖုံးများနှင့် လူများ။

"မစ္စတာဘတ်...ကျွန်တော်တို့နဲ့ သိပ်ရှုပ်ချင်နေတာလား"

"ကျစ်..."

စုတ်တချက်သပ်ကာ ရုတ်တရက်လှမ်းထိုးလိုက်သော ဘတ်အွန်းယူ​၏ လက်သီးအား ဆွဲဖမ်းလိုက်သည်က စက္ကန့်မျှပင်။ ကျန်လက်သီးတစ်လုံးက ချက်ချင်းဆိုသလို အလုပ်လုပ်လာသည်။ သို့သော် အချီးအနှီးသာ။ သူ့လက်နှစ်ဖက်လုံးက Rabbitရဲ့ ခေါင်းဆောင်လို့ထင်ရတဲ့သူဆီ၌သာ။

လက်နှစ်ဖက်ကို ဆောင့်ဆွဲကာ မျက်နှာကို ခေါင်းဖြင့် တိုက်လိုက်တော့ နှာရိုးကျိုးကာ တစ်စက်ချင်းကျလာသော သွေးများ။

"ဒါ နောက်ဆုံးအကြိမ်ဖြစ်ပါစေ...Rabbit နဲ့ပတ်သတ်တဲ့သူတွေကို ထိရင် အရှင်မထားဘူးဆိုတာ နားလည်တယ်မို့လား"

"ဒိုင်း.."

ဘတ်အွန်းယူ​၏ ညာဖက်ပေါင်းသို့ တည်ပစ်လိုက်သည့် ကျည်ဆံတစ်တောင့်နှင့် ငယ်သံပင် ထွက်အောင် အော်ကာ နာကျင်မှုကို ဖြေသိမ့်နေသည်။

"Rabbit နဲ့ လာမရှုပ်ချင်နဲ့..မင်းတို့လူကို ခေါ်သွားတော့"

ဘတ်အွန်ယူ​၏ တပည့်များသည်လည်း သူတို့​၏ ဆရာအား တွဲခေါ်ကာ ထိုနေရာမှ အမြန်ထွက်သွားကြတော့သည်။

Destiny Await In BurmaWhere stories live. Discover now