"ထယ်ယောင်း နိုးပြီလား၊ ဒီမှာ ကိုယ် မနက်စာ ပြင်ပေးထားတယ်"
"အာ အားနာလိုက်တာ၊ဒုက္ခပေးမိသလိုဖြစ်နေပြီနဲ့တူတယ်"
"ရပါတယ်၊ကိုယ့်နိုင်ငံလာတဲ့သူပဲ ကိုယ်က ကူညီပေးရမှာပေါ့"
"ကျွန်တော့်ကို Airport လိုက်ပို့ပေးပါလား၊Luggage သွားယူချင်လို့"
"ကိုယ် ညနေဘက်အလုပ်က ပြန်လာရင် လိုက်ပို့မယ်"
"ကျေးဇူးပါ"
မျက်ဝန်းပြာကလေးများနှင့် ကောင်လေးက ပြုံးကာ ကျေးဇူးတင်စကားဆိုသည်။မနက်စာစားအပြီး ပန်းကန်များသေချာ ဆေးကြော သိမ်းဆည်းကာ ဂျောင်ဂုအလုပ်ကို ထွက်လာခဲ့တော့သည်။
အလုပ်သို့ မသွားခင် သူပြန်မရောက်မချင်း အပြင်မထွက်ဖို့ ထယ်ယောင်းအား မှာရသေးသည်။ဒီနိုင်ငံစကားမပြောတတ်သည်က ပြဿနာမရှိ အင်္ဂလိပ်လို့ ပြောလို့ရသေးသည်။
သို့တည်း ထယ်ယောင်းပုံစံမှာ မြန်မာနိုင်ငံအား ယခုမှ ပထမဆုံးရောက်ဖူးသည့်ပုံစံမို့ လမ်းမကျွမ်းကျင်ပဲ တစ်ယောက်ထဲ သွားလျှင် အန္တရာယ်များပါသည်။လက်ရှိ ထယ်ယောင်းနောက်သို့ လိုက်နေသူများလည်း ရှိနေသေးသည်ပင်။
ဂျောင်ဂု အိမ်မှာရှိနေသည့်အချိန်၌ နူးညံ့နေသည့်ပုံစံတို့မှာ အလုပ်သို့ရောက်သည်နှင့် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။သူ၏ တပည့်များထဲတွင် သူ့မျက်နှာကိုပင် စေ့စေ့ကြည့်ရဲသူမရှိပေ။
ယောင်္ကျားပီသလှသော ခန္ဓာကိုယ်အချိုးအစားများရှိသည့်အပြင် ထင်ရှားလှသော ညာဘက်လက်အပြည့် တက်တူးများမှာလည်း ဂျောင်ဂုအား ဆွဲဆောင်မှုရှိစေကာ ယောင်္ကျားပီသမှုအား ပို၍ ထင်ရှားစေသည်။
တပည့်များအားလုံးက တစ်မိနစ်အတွင်း သူရှေ့အရောက်လာရန် ဂျောင်ဂု အမိန့်ပေးလိုက်သည်။ဂျောင်ဂုမှာ တစ်ခုခုအား အလိုမကျသလို မျက်ခုံးများအားတွန့်ချိုးထားကာ ညိုစိုစိုမျက်ဝန်းများမှ အကြည့်သည်လည်း ဒေါသအငွေ့တို့ပြည့်နှက်နေသည်။
ထိုကြောင့်မို့ ပုံမှန်အချိန်တွင်ပင် စေ့စေ့မကြည့်ရဲကြသော တပည့်များမှာ ပို၍ ကြောက်နေကြကာ ချောင်းဆိုးသံထွက်သွားမည်ကိုပင်ကြောက်နေကြသည်။
YOU ARE READING
Destiny Await In Burma
RomanceJK x V FanFic Do not copy or translate any part or all. Restart (or republish) - April 21 2024