တစ်ညလုံးမအိပ်ထားရသဖြင့် အရမ်းပင်ပန်းကာအိပ်ချင်နေပြီဖြစ်သည်။ထယ်ယောင်း လာမဖွင့်သေးသော အိမ်တံခါးအား ခေါင်းမှီကာ ခဏမျှ မှေးနေရင်း မတ်တပ်ပင် အိပ်ပျော်သွားသည်။
ထယ်ယောင်းတံခါးဖွင့်လိုက်သည့်အခါ ထယ်ယောင်းကိုယ်ပေါ်သို့ လဲကျလာသော ဂျောင်ဂု၏ ခန္ဓာကိုယ်။ ထယ်ယောင်းမှာ အစကတည်းက စိတ်ပူနေရသည်မို့ လန့်သွားရကာ ဧည့်ခန်းအတွင်းသို့ မနိုင်မနင်း ဆွဲပွေ့ကာ ဆိုဖာပေါ်သို့ တင်လိုက်သည်။
ဂျောင်ဂုအန္ဓာကိုယ်အနှံ့ကိုလည်း ဒဏ်ရာရှိမရှိ လိုက်ရှာနေမိသည်။ ဂျောင်ဂု မနေ့ကတည်းက ဝတ်ထားသော တီရှပ် အနက်အား ဆွဲချွတ်ကာ ခန္ဓာကိုယ်ပေါ် ဒဏ်ရာရှိမရှိ သေချာလိုက်စစ်မိသည်။
ဂျောင်ဂုမှာလည်း မှေးနေတုန်း ခေတ္တမျှအိပ်ပျော်သွားရုံသာ ဖြစ်သဖြင့် ခန္ဓာကိုယ်အား လာကိုင်သည့် စိမ်းသက်သော အထိအတွေ့တို့အား ခံစားနေရသည်။
တခြားသူသာဆိုလျှင် ချက်ချင်းထကာ တွန်းဖယ်မိမည်ဖြစ်သော်လည်း ထယ်ယောင်းဆိုသည်ကို သိသည့်မို့ ဘာလုပ်နေလဲ သိချင်၍ ငြိမ်သာနေလိုက်သည်။
ထယ်ယောင်းမှာ အပေါ်ပိုင်း ခန္ဓာကိုယ်အား ထိခိုက်မှုမရှိကြောင်း သေချာသည့်အခါတွင် ဂျောင်ဂုခြေထောက်၌ ဒဏ်ရာပါမပါကြည့်ရန် ဝတ်ထားသော ဂျင်းဘောင်းဘီအရှည်တွင်ပတ်ထားသော ခါးပတ်အား ဆွဲဖြုတ်၍ ဂျင်းဘောင်းဘီအား ဆွဲချွတ်လိုက်လေသည်။
ထိုအခါမှ ဂျောင်ဂုမှာ အလန့်တကြား ထထိုင်ကာ ဂျင်းဘောင်းဘီအား ချက်ချင်းပင် ပြန်ဆွဲတင်လိုက်သည်။ထို့ပြင် ညီလေးနေရာအားလဲ ဂျင်းဘောင်းဘီအပေါ်မှ လက်ဖြင့်ထပ်အုပ်ထားသေးသည်။
"ယောင်္ကျားလေးချင်း ဘာရှက်စရာပါလို့လဲအစ်ကိုရ၊ ကျွန်တော်က အစ်ကို့ ဂျင်းဘောင်းဘီပဲ ချွတ်တာပါ ဟိုလူတွေနဲ့ ထပ်တွေ့ပြီးဒဏ်ရာပါမပါ ကြည့်မလို့ပါ"
"ကိုယ် ဘာဒဏ်ရာမှမရပါဘူး စိတ်မပူနဲ့တော့နော်၊ သွားအိပ်တော့မယ်"
"ရှက်မနေပါနဲ့၊ ရေကူးကန်သွားရင်တောင် Boxerနဲ့ပဲ ကူးနေတာမဟုတ်ဘူးလား"
YOU ARE READING
Destiny Await In Burma
RomanceJK x V FanFic Do not copy or translate any part or all. Restart (or republish) - April 21 2024