part 9

149 12 0
                                    


ညတစ်ညတွင်

"ကျမရှင့်ကိုပြောစရာတစ်ခုရှိတယ်"

"ကိုယ်ရောဘဲ ကင်မရာအသစ်
ကန်နွန်550 D ဒေါ်လာ500ကျော်
နောက်ဆုံးတော့ဝယ်နိုင်ခဲ့ပြီ
ရုပ်ပုံအရည်အသွေးကိုကြည့်စမ်း
18မီဂါပစ်ဇယ်
SLRကင်မရာအမျိုးအစား
ရိုက်မယ်ဆိုရင်ကြယ်တွေကိုတောင်မြင်နိုင်တယ်
Kumaအတွက်အကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပါတယ်"

"ဘာကိုပြောတာလဲ"

"သူဌေးမိသားစုတစ်ခုကသူ့ကိုခေါ်သွားကြပြီ"

"ရှင်သူ့ကိုရောင်းလိုက်တာလား"

"မဟုတ်ပါဘူး သူတို့ကပိုက်ဆံပေးတာပါ
ဘာလဲဖြစ်ဖြစ် ငါသူ့ကို ဒီလိုအခြေအနေမှာမှမကျွေးနိုင်တာ
အဲဒီမှာဆို အိမ်ကြီးမှာလည်း နေရမယ်
သူ့ကိုစောင့်ရှောက်မယ့် လူတွေလည်းရှိမယ်
သူပျော်မှာပါ"

"အိမ်အကြီးကြီး လူတွေ ကားတွေ ပိုက်ဆံတွေ
ဒါတွေသူ မလိုချင်တာလည်းဖြစ်နိုင်တာဘဲလေ
ရှင်ကျမဘယ်လောက် ချမ်းသာလဲသိလို့လား
ကျမ.....ကျမရှင့်ကိုချစ်လို့ ရှင်နဲ့လိုက်ခဲ့မယ်ဆိုရင်ရော
ရှင်ကျမကို သူ့ကိုဘဲထားခဲ့မှာလား
ကျမကိုမကျွေးနိုင်ဘူးဆိုပြီးတော့လေ"

"ဘာဆိုင်လို့လဲကွာ"

"တာဝန်ဝတ္တရား
ရှင့်မှာမေတ္တာရှိတယ်
ဒါပေမဲ့ ဝတ္တရားမရှိဘူး"

"မင်းဘာဖြစ်လို့ဒီလောက်ကြီးခံစားနေတာလဲ
မင်းကသူ့ကိုသဘောကျတာတောင်မဟုတ်ဘဲနဲ့"

"ကျမလဲ့ဒီကိုမလာခင်အထိအဲဒီလိုဘဲထင်ခဲ့တယ်"

"ဘာလဲဒီအတိုင်းထွက်သွားတော့မလို့လား"

"ကျမထွက်သွားတော့မယ်
ကျမပြန်မလာတော့ဘူး"

Seoul

သမီး အဘွားနဲ့ဒယ်ဒီသဘောထားချင်းမတိုက်ဆိုင်ခဲ့ဘူး
သူ့ရဲ့မိဘတွေလည်းသဘောမတူခဲ့ဘူး
သမီးအမေခံစားခဲ့ရတယ်

ရက်သတ္တပတ်ကျော်လွန်ပြီးနောက်

seoul university

"ဝုတ် ဝုတ်"

"Kuma"

"ဟိုင်း"

"သူမပြေးဖက်ပစ်တယ်"

"ရှင်ဘာဖြစ်လို့လာခဲ့တာလဲ"

"မင်းရောဘာလို့ဟန်ဂူးကိုလာခဲ့တာလဲ"

"ကျမကံမကောင်းလို့ပေါ့ ရှင်ဒီမှာရှိမယ်မှန်းမသိခဲ့တာ"

"ဒါပေမဲ့ကိုယ်ကမင်းဒီမှာရှိမယ်ဆိုတာသိလို့လာခဲ့တာ"

"ဘာဖြစ်လို့ ဒီ‌ လောက်ကြာနေတာလဲ
ကျမ ကျမရှင့်ကိုလွှမ်းတယ်"

အဖေဖြစ်သူကခရီးကပြန်လာတဲ့အခါ မုန့်မပါလို့စိတ်ကောက်တဲ့အတိုင်းဘဲ

"Kuma ကြောင့်
မင်းကိုယ့်ကို ဒီလိုဖက်ထားမယ်မှန်သာသိရင် အစောကြီးလာခဲ့ပါတယ်"

"ကျမရှင့်ကိုသွားခိုင်းရင်ရှင်သွားမှာလား"

"ဟင့်အင်း
မင်းထွက်သွားခိုင်းရင်တောင် ကိုယ်ကမထွက်သွားဘူး
ပြီးတော့ဒါကသူငယ်ချင်းသံယောဇဉ်လား"

"ဟင့်အင်း လုံးဝမဟုတ်ဘူး"

"ဒါကိုအချစ်လို့ခေါ်တာလား"

"ဟင့်အင်း
ဒါကိုမှအချစ်လို့ခေါ်တာ"

ဆိုပြီးလီဆာ့နှုတ်ခမ်းကို နမ်းလိုက်တယ်
နှလုံးသားတစ်ခုလုံးမှာပန်း‌ေတွဝေဆာပွင့်သွားသလိုမျိုး
အချိုသာဆုံးအနမ်းတစ်ပွင့်ဘဲ

"ချစ်တယ် လီ"

"ကိုယ်ကမင်းကိုပိုချစ်တယ်"

"အပိုတွေ"

"ပိုတော့ပိုတယ်စကားတော့မဟုတ်ဘူး ရင်ထဲကအချစ်တွေ"

"တယ်စကားတွေတတ်နေပါလား လီဆာ
ကျမဖြင့်ရှက်လိုက်တာ"

"အို ကိုယ့်ရည်းစားကိုချစ်ကြောင်းပြောတာဘဲ
ရှက်စရာမလိုပါဘူး"

သမီးရဲ့အဘွားကမြင်သွားခဲ့တယ်
ပြီးတော့ဒယ်ဒီ့ကိုစားသောက်ဆိုင်တစ်ဆိုင်မှာ သမီးအမေနဲ့အတူချိန်းဆိုထားခဲ့တယ်

###########
part 9 finished

Hi DaddyWhere stories live. Discover now