part 10

170 13 0
                                    

"မဒမ် မှာထားတာရပါပြီ"

"အင်း
Bill ယူခဲ့
လီဆာ
မင်းကဘာလုပ်တာလဲ"

"ဓာတ်ပုံဆရာပါ"

"ပိုက်ဆံဘယ်လောက်ရလဲ
ဓာတ်ပုံတစ်ပုံအတွက်ဒါမှမဟုတ် တစ်လတစ်လ ပိုက်ဆံဘယ်လောက်ရလဲ"

"အမ် "

လီဆာကအခုမှတက်သစ်စဓာတ်ပုံဆရာတစ်ယောက်ပါ
ငွေရေးကြေးရေပြဿနာရှိတယ်

"အဲဒီ့လောက်ပြောစရာမရှိအောင်တောင်လား"

သူမသမီးကိုကြည့်လိုက်ပြီး

"ထားလိုက်တော့"

"မင်းဘယ်မှာနေတာလဲ"

"ဒုန်ဆောင်းမှာပါ"

"ငါတို့က အန်ဒိုယောင်းမှာနေတာ
ဒုန်ဆောင်းကနေ အန်ဒိုယောင်း ကိုဘယ်လောက်ဝေးလဲ"

"35ကီလိုမီတာကနေ 40ကီလိုမီတာကြား
လို့ထင်ပါတယ်"

"ဟန်ဂူးကနေ ငါတို့အိမ်ကိုရော"

"အမေ"

"ဘာလဲ သူကအမေတို့နဲ့ဘယ်လောက်ဝေးကွာလဲဆိုတာ သိသင့်တယ်မလား"

လီဆာသူ့ရဲ့အဆင့်အတန်းကိုသွယ်ဝိုက်ပြောနေတာကိုသေချာပေါက်သိတာပေါ့

"မဒမ် ကျသင့်ငွေပါ"

"သူ့ကိုပေးလိုက်"

"အိုကေ မဒမ်"

"အမေလွန်လွန်းနေပြီ
အမေသူ့ကိုခေါ်ခဲ့တာ အဲဒီတော့ အမေရှင်းရမှာပေါ့"

"မစ်"

"သူကငါတို့စားသလောက်တောင်မရှင်းနိုင်ဘူးပေါ့
ယုံတောင်မယုံနိုင်ဘူး
သူဘယ်လိုလုပ်မှာလဲ "

အစားအသောက်ဖိုးကလီဆာရဲ့တစ်လစာဖိုးလောက်ရှိတယ်

"ကိုယ် kumaကိုသွားကြည့်လိုက်ဦးမယ်
ငါးမိနစ်လောက်"

"အင်း လီဆာ
အမေဘာကိုပြောချင်တာလဲ"

"သူကနင့်ပိုက်ဆံကိုဘဲမက်တာလို့ပြောချင်တာ
အချစ်နဲ့အိမ်ထောင်ရေးကိုနင်က‌ က‌ေလးကစားစရာထင်နေတာလား
အိမ်ထောင်မပြုခင်ဘယ်လောက် သေချာစဉ်းစားရသလဲ
သူ့ရဲ့နောက်ခံနဲ့ဝင်ငွေကိုထည့်မတွက်ဘဲနဲ့စဉ်းစားတာ ဘယ်လို မိုက်ရူးရဲဆန်တာလဲ"

"အမေကသေချာစဉ်းစားပြီးမှလက်ထပ်ခဲ့တာမလား
အဲဒါနဲ့ရော အမေတို့အိမ်ထောင်ရေးတည်မြဲခဲ့လား ပျော်ရွှင်ခဲ့လား"

"ငါအိမ်ထောင်မမြဲတာကနင့်အတွက် တွေ့ကရာလူကိုကြိုက်ဖို့ အကြောင်းပြချက်မဟုတ်ဘူး အနည်းဆုံးငါငိုတာက တိုက်ပေါ်မှာငိုရတယ်
နင်သူနဲ့ယူရင် လမ်းဘေးမှာ ပူဆွေးနေရမှာ"

လီဆာသွားတာအတော့်ကိုကြာနေပြီဖြစ်သောကြောင့်စိတ်ပူလာသည်
ပြန်သွားတာများလား

"ဘာကြည့်နေတာလဲ သူသွားနင့်‌ နေလောက်ပြီ
‌billရှင်း အိမ်ပြန်မယ်"

ထိုအချိန်လီဆာပြန်ရောက်လာတယ်

"ဆောရီး အန်တီ"

လီဆာပိုက်ဆံကိုbillရှင်းတဲ့စာအုပ်မှာထည့်လိုက်တယ်

"လီဆာ
ဒီမှာ ဝမ် 1000လောက် ဘောက်ဆူးပေးရတယ်"

"ကျေးဇူးပါမစ်"

"အင်း"

"ဒါကဘောက်ဆူးပေးတာပါ
ကျမ billရှင်းပြီးပါပြီ
ကျမကိုချမ်းသာတယ်လို့‌ေတာ့မထင်လိုက်ပါနဲ့
Billရှင်းဖို့ ကျမချိန်နေခဲ့ရတာ
ဒါကျမရဲ့ လစာပါ
ကံကောင်းလို့ ကျမ မနေ့ကအဲဒီ့ပိုက်ဆံရခဲ့တယ်
ကံကောင်းလို့သာ ကျမအခုbillရှင်းနိုင်တာပါ
ဒါပေမဲ့ နောက်ငါးနှစ်ဆိုရင်
ကံကြောင့်မဟုတ်ဘဲ ကျမရဲ့ ကြိုးစားမှာကြောင့် ရှင်းနိုင်မှာပါ
ဟန်ဂူးကနေ ဒီကို2000ကီလိုမီတာလောက်ဝေးပါတယ် အန်တီ
အဲဒီကိုသွားဖို့ ရထားအဆင့်ဆင့်စီးရမယ် ကားနှစ်ဆင့် စီးမှရောက်ပါလိမ့်မယ်
မနက်ဖြန်ဆိုရင်တော့တစ်နာရီဘဲကြာချင်ကြာပါလိမ့်မယ်
ဒီနေ့ billကို ကျမရဲ့လစာနဲ့ရှင်းခဲ့ရတယ်
ဒါပေမဲ့ ကျမ စတူဒီယို ထောင်နိုင်ပြီးရင် အဲဒါ
ကျမရဲ့တစ်နာရီဝင်ငွေဖြစ်ချင်ဖြစ်ပါလိမ့်မယ်
အန်တီက ကျမတို့ရဲ့‌ကွာဝေးမှုကို ကီလိုမီတာနဲ့တိုင်းတယ်
ကျမကတော့အချိန်နဲ့တိုင်းတာတယ်
အန်တီ့ရဲ့အကွာအဝေးကမပြောင်းလဲပေမဲ့
ကျမရဲ့အချိန်ကတော့ပြောင်းလဲမှာပါ"

"ဂျိန်း
မင်းအမေပြောတဲ့စကားတိုင်းကမှန်ပါတယ်
ကိုယ်က ဆင်းရဲတဲ့ကောင်ပါ
ပိုင်ဆိုင်မှုဆိုလို့ အဖေပေးခဲ့တဲ့ မြေ2 ဧကဘဲရှိတယ်
မင်းကိုယ်နဲ့လိုက်မယ်ဆိုရင် ကိုယ်မင်းကို ဘယ်လိုကျွေးရမလဲမသိဘူး
ဒါပေမဲ့ မင်းကိုယ့်အနားရှိနေချိန် ကိုယ်အရာရာကိုလုပ်နိုင်မယ်လို့ခံစားရတယ်
ပြောရရင် ကိုယ်ကမ္ဘာကြီးကိုတောင် သိမ်းပိုက်နိုင်မယ်ခံစားရတယ်
ဂျိန်း မင်းကိုယ့်ကိုလက်ထပ်နိုင်မလား"

"လက်ထပ်မှာပေါ့လီဆာ ရှင်နဲ့ကျမ အရာရာကိုအတူကြိုးစားကြမယ်"

"ကိုယ်ရယ်မင်းရယ်kumaရယ်ဆိုရင် အရာရာပြည့်စုံတယ်"


###############
part 10 finished


Hi DaddyWhere stories live. Discover now