part 12

180 14 0
                                    


"မောင်ဘာတွေ တွေးနေတာလဲဟင် တစ်မှိုင်မှိုင်နဲ့"

"ဘာမှမဟုတ်ပါဘူး ကိုယ်တို့ သားသားလေး ဒါမှမဟုတ် မီးမီးလေးရလာရင်
မင်းနဲ့တူမလား ကိုယ်နဲ့တူမလားစဉ်းစားနေတာ"

"ဘာကိုပြောနေတာလဲ မောင်"

"ကလေးပိစိလေးတွေလေ"

ဂျိန်းထမင်းစားနေရာကနေထထွက်သွားတယ်

"အချစ် ဘာဖြစ်နေတာလဲ"

"ကျမ ကလေးနဲ့ပတ်သတ်ပြီး သေချာမပြောခဲ့ဘူးလား လီဆာ
ရှင်ကျမကိုလက်ထပ်ခွင့်တောင်းတုန်းက ရှင်ဘာပြောခဲ့‌လဲ
ရှင်နဲ့ကျမဘဲ တခြားဘယ်သူမှမလိုဘူးဆို
ပြောခဲ့တယ်မဟုတ်လား"

"အင်း ကိုယ်ပြောခဲ့တယ်"

"အဲဒါဆို အခုကျဘာပြောတာလဲ"

"ကလေးတွေကသူစိမ်းမှမဟုတ်တာ ကိုယ်တို့ရဲ့ ကိုယ်ပွားလေးတွေလေ
ကိုယ်တို့ရဲ့သွေးသားတွေလေ"

"ဪ တော်လိုက်တာ လီဆာ ကျမရှင့်ကိုဘယ်လောက်ချစ်လဲဆိုတာသိရဲ့လား
အမေ့လို အိမ်ထောင်ရေးမျိုး ဖြစ်လာခဲ့ရင် ကျမသည်းခံနိုင်ဖို့ပြင်ဆင်ထားတယ်
ဒါပေမဲ့ သူတို့ရဲ့သမီးတစ်ယောက်အနေနဲ့
ကျမရဲ့သားသမီးကို ကျမခံစားခဲ့ရသလို မခံစားစေချင်ဘူး"

"မင်းကဘာကိုပြောချင်တာလဲ
ကိုယ်တို့ကွဲမယ်လို့ပြောချင်တာလား"

"ဘယ်သူသိနိုင်မှာလဲ အနာဂတ်ကို
ကျမတို့လက်ထပ်တာ 3နှစ်ကြာခဲ့ပြီ
ကျမတို့ အခုလိုဘဲပျော်ပျော်နေနိုင်သွားမှာပါလို့ ရှင်ကတိပေးနိုင်လား"

".... "

"တွေ့လား ရှင်ကတိမပေးရဲဘူး*

"ကိုယ်ကတိမပေးရဲတာမဟုတ်ဘူး မင်းခေါင်းထဲက အတွေးတွေကိုငါကြောက်နေတာ
လူနှစ်ယောက်က ပြဿနာအခြေအတင်တွေမဖြစ်ဘဲ မတူညီမှုတွေ မရှိဘဲနဲ့တော့ မနေဘူး
ဒါပေမဲ့ကိုယ်က သာယာတဲ့ အနာဂတ်ကိုပုံဖော်နေချိန်မှာ
မင်းကတော့ မင်းကတော့ ဒုက္ခကိုကြိုမျှော်လင့်နေတာလား"

"ကျမတို့ဒုက္ခရောက်မယ်လို့ ပြောတာမဟုတ်ဘူး
ကျမတို့ကြောင့် ကျမတို့ကလေးတွေခံစားရမယ်လို့ပြောချင်တာ
ရှင်ပြောတဲ့လှပတဲ့အနာဂတ်မှာ တစ်ခုခု အတိမ်းအစောင်းဖြစ်သွားခဲ့ရင်
ကျမတို့ထက် ကျမတို့ကလေးတွေကခံစားရမှာ"

"မင်း ရူးနေတာလား ဟမ်
မင်းဘာတွေပြောနေလဲဆို‌တာရော သိရဲ့လား
ကိုယ်တို့ အိမ်ထောင်ရေးက အဲလိုအခြေအနေမျိုးဖြစ်နိုင်ပါ့မလား မင်းစဉ်းစားကြည့်ပါ
မင်းကိုအဲစကားပြောမိတာ မှားတာဘဲ
အဲ ကလေးတွေကိုမလိုချင်ရအောင် ဘာအပြစ်ရှိလို့လဲ"

"ကျမက အပြစ်ရှိတယ်လို့မဆိုလိုဘူး ကျမကလေးတွေကို ကျမလို့မခံစားစေချင်ရုံပါ"

"အဲတာဆိုကိုယ်ကဖောက်ပြန်မယ့်လူမျိုးလား
ဖြေစမ်းကွာ"

"ကျမကံကြမ္မာကိုမယုံဘူး
ဒီနေ့မှာပျော်နေရင်တောင် မနက်ဖြန်ဘာဖြစ်မယ်ဆိုတာမသိဘူး
ကျမ ကလေးတွေမိဘ‌ေတွနဲ့ပတ်သတ်တဲ့စိတ်ဒဏ်ရာမျိုးမရစေချင်ဘူး
အဲဒီ့စိတ်ဒဏ်ရာက ဘယ်လောက်ခံရဆိုးတယ်ဆိုတာ ကျမအသိဆုံးပါ လီဆာ
မရူးစမ်းပါနဲ့"

"ငါမရူးဘူး
မင်းသာ ကိုယ့်စိတ်ထင်ရာတွေးပြီး ပေါက်တက်ကရတွေပြောနိုင်တာ
ငါနဲ့မင်း သာယာတဲ့အိမ်ထောင်ရေး တည်ဆောက်နိုင်တယ်ဆိုတာမင်းမယုံဘူးမလား
မင်းငါ့ကို မယုံဘူးဆိုတာ ငါ့ကိုမချစ်လို့
ငါနဲ့ရတဲ့သွေးသားလေးကို ဂရုစိုက်ပေးရမယ်လေ အကယ်၍အဲလိုဖြစ်လာရင်တောင်"

"ကျမရှင့်ကိုချစ်တာ ရှင်သိပါတယ် လီဆာ"

"တော်စမ်းပါကွာ
ငါဒီည အိမ်ပြန်မလာတော့ဘူး စတူဒီယိုမှာဘဲအိပ်မယ်
စတူဒီယိုကနေပြန်လာခဲ့တာငါ့အမှား အဲဒီမှာဘဲနေခဲ့ရမှာ"

"ဘယ်သူကရှင့်ကို တားနေလို့လဲ ထွက်သွားလိုက်လရှင်မကြိုက်ဘဲနဲ့ဘာလို့ လာခဲ့တာလဲ"

"မင်းပြောတာမှန်ပါတယ်
ဘာလို့ဆို ငါကအရူးဖြစ်နေလို့
လုပ်ချင်တာသာလုပ်လိုက်"

လီဆာ အိမ်ကနေကားနဲ့ထွက်သွားတယ်
ဘယ်နေရာကိုထွက်သွားတယ်ဆိုတာလဲ့ သူမ မသိပါ

လီဆာ့ဘက်မှာတော့

"မင်းရက်စက်တယ်ကွာ
အဲကလေးတွေမှာဘာအပြစ်ရှိလို့မင်းမလိုချင်ရတာလဲ
စိတ်ဒဏ်ရာရ ရမယ့်အကြောင်းဆိုတာမရှိဘူလေး
ငါကပွေရှုပ်တဲ့ကောင်လား
အခြားမိန်းမတွေနဲ့ ပလီပလာလုပ်မဲ့ကောင်လား
ငါက မင်းကိုသိပ်ချစ်တာ ဂျိန်း
မင်းမို့လို့ အဲလို့ပြောရက်တယ်"

လီဆာကားစီယာတိုင်ကို ထုလျက်
ဟန်မြစ်ဘေးကကုန်စုံဆိုင်လေးမှာကားရပ်လိုက်ပြီး

"ကျမကို ဆိုဂျူနှစ်ပုလင်းပေးပါ"

လီဆာ ဟန်မြစ်ဘေးမှာဘဲ ပေါက်ကွဲဖြစ်တယ်



##############
Part 12 finished

Hi DaddyWhere stories live. Discover now