part 14

199 12 0
                                    


တစ်နေ့
လီဆာအလုပ်ကပြန်လာတော့
ပျော်ရွှင်စရာသတင်းတစ်ခုကိုဂျိန်းကပြောပြလာတယ်

"ဂျိန်း ဘာလို့အိမ်ပြင်ထွက်စောင့်နေတာလဲကွာ
မိုးရွာနေတာကို"

"အို ရှင်ကတော့အကဲပိုပြန်ပြီ
မိုးရွာတာကိုလဲ့ကြည့်ပါအုန်းရှင်ရယ် မိုးစလေးတွေကျနေတာကို"

"အကဲမပိုပါဘူး
ကိုယ့်မိန်းမကိုစိတ်ပူတာပေါ့"

"အဲဒါဆိုရင်တော့ရှင်ကျမကိုပိုစိတ်ပူရတော့မယ်"

"ဟမ် ဂျိန်းဘာဖြစ်လို့လဲ နေမကောင်းလို့လား ကိုယ်ကြည့်ကြည့်မယ်"

ဂျိန်းနဖူးပေါ်ကိုလက်တစ်စုံကျရောက်လာတယ်

"ကိုယ်စမ်းကြည့်တာ ကိုယ်လဲ့မပူပါဘူး
Periodလာနေတာလားဟင်"

"ငတုံး လအစပိုင်းကိုကျမကဘယ်လိုလုပ်periodလာမှာလဲ"

"တောက် လီဆာ့နဖူးကိုလက်နဲ့ခေါက်လိုက်သည်"

"ဘာလို့ခေါက်တာတုန်းဂျိန်းရဲ့"

"ဒါကကိုယ့်မိန်းမperiodလာတဲ့ရက်ကိုမသိလို့"

"ကိုယ်မှမသိတာဂျိန်းရယ်
ဂျိန်းကဘာဖြစ်တာတုန်း"

"ဒီမှာလေ"

ဆီးစစ်တံလေးမှာ2ကြောင်းပြနေသည်
ပြီးတော့စာရွက်လေးတစ်ရွက်

"ဟာ ဂျိန်း ဂျိန်းမှာကိုယ်ဝန်ရှိနေပြီ
ကလေးက2လတောင်ရှိပြီ
ကိုယ်တို့ရဲ့သွေးသားလေးလေ"

ဂျိန်းခေါင်းငြိမ့်ပြလိုက်တယ်

"Yayy လာလီဆာ လူဖြစ်ပြီကွ
ဂျိန်းရေကိုယ်ပျော်လိုက်တာကွာ
ဂျိန်းအိမ်ထဲဝင်ရအောင်နော် ကိုယ့်မိန်းမလေးနေမကောင်းဖြစ်လို့မရဘူး
ပြီးတော့ကလေးလေးရောဘဲ"

"အော် ရှင်ကကျမကိုကလေးကြောင့်ဂရုစိုက်နေတာလား"

"ဟုတ်ပါဘူး ဂျိန်းကမောင့်နှလုံးသားလေးမို့ ဂရုစိုက်တာ
ကလေး‌လေးကကျတော့ဂျိန်းနဲ့မောင်ရဲ့အသဲလေးမို့ဂရုစိုက်တာ"

"နှလုံးနဲ့အသဲနဲ့အတူတူဘဲလေ လာလီ"

"ကိုယ့်ဆီမှာတော့မတူပေါင်"

"ကဲပါ ရေချိုးလိုက်အုံး လာလီ
အကြာကြီးမချိုးနဲ့အုန်းနော်"

"အေးပါ မောင့်မိန်းမရေ"

ဂျိန်းပါးလေးနှစ်ဖက်ပန်းရောင်သန်းသွားသည်

"အဲ ရှက်နေတာလား မောင့်မိန်းမက
ပါးလေးကိုပန်းရောင်သန်းလို့
အူယားစရာလေး"

ရွှတ်

လီဆာ ဂျိန်းပါးလို့နမ်းလိုက်သည်

"လာလီ ရေသွားချိုးတော့လေ
ကျမ ထမင်းပြင်လိုက်မယ် နော်"

"အင်းပါ မောင့်မိန်းကလေးရေ"

ကြည့်သာကြည့်ကြတော့ကျမကိုနာမည်အမျိုးမျိုးပေးပြန်ပြီ

"မောင့်မိန်းမရေ "

လာပါပြီ လူမရောက်သေးဘဲ အသံကအရင်ရောက်နေတာ

"လာထိုင် လာလီ
လာလီ ရှင့်အလုပ်ကရောဘယ်လိုလဲ"

"အဆင်ပြေပါတယ်
စတူဒီယိုမှာcameraman တွေလဲ့ များလာတယ်
တကယ့်ဝါသနာပါတဲ့သူတွေပေါ့
ကောင်းပါတယ်
သူတို့တွေရှိမှသာ မောင့်မိန်းမနားမှာနေနိုင်မှာ"

"ကျမကအခုအရေးမကြီးသေးပါဘူးနော်"

"အရေးကြီးကြီး မကြီးကြီး မောင်ကတော့ဂျိန်းနားနေမှာဘဲ"

"အင်းပါ လာလီ"

"ထားထား ဂျိန်း ‌ေမာင်ဆေးလိုက်မယ်
ဂျိန်းက‌အပေါ်သွားလိုက်တော့"

"အင်း ပါ"

ဂျိန်းပျော်မိသည် ပိုသာယာတဲ့မိသားစုဘဝလေးဖြစ်‌ေတာ့မှာမို့

"ကလေးလေးရေ‌မာမီနဲ့ ဒယ်ဒီ့ဆီကိုကောင်းကောင်းမွန်မွန်လေးရောက်လာပေးပါကွယ်"

"ဂျိန်းရေကိုယ့်ကင်မရာလေးတွေ့မိသေးလားဟင်"

"ကျမဗီဒိုထက်မှာတင်ထားလိုက်တယ် လာလီ"

"အွန်း
မနက်ဖြန်အလုပ်သွားမှယူသွားတော့မယ်"

"ဒါနဲ့ဂျိန်းဗိုက်လေးကမဖောင်းသေးဘူးနော်"

"2လဘဲရှိသေးတာလေလာလီ
ဘာလို့မေးတာတုန်း"

"အော်
မောင်ကဂျိန်းဗိုက်ဖောင်းဖောင်းလေးနဲ့ဆိုချစ်စရာကောင်းနေမှာလို့တွေးနေတာ"

"ဝရင်မလှတော့ပါဘူး"

"မောင့်မျက်လုံးထဲမှာတော့လှတယ်"

"ကဲပါရှင်ရယ် မနက်ဖြန် အလုပ်သွားရမှာမလား အိပ်တော့"

"ဟုတ်ကဲ့ဂျိန်း"


############
Part 14 finished







Hi DaddyWhere stories live. Discover now