part 13

210 14 0
                                    


လီဆာ စတူဒီယို မှာ အိပ်ပြီး
မနက်ကျတော့ အိမ်ပြန်လာခဲ့တယ်

အိပ်ခန်းကကုတင်မှာကျုံ့ကျုံ့လေးအိပ်နေတဲ့ဂျိန်း
မျက်နှာလေးမြင်လိုက်ရုံနဲ့ မနေ့ညက အဖြစ်အပျက်တွေကိုမေ့သွားတဲ့အထိပင်
မျက်နှာလေးပေါ်မှာကျနေတဲ့ ဆံနွယ်စတွေကို ဖယ်ပေးလိုက်တယ်
သတိထားမိတယ်ထင်ပါရဲ့

"မောင်"

လီဆာ့ကိုဖက်လိုက်တယ်

"ကိုယ်တောင်းပန်ပါတယ်
ဆောရီး"

"ကျမကိုလက်ထပ်မိတာ မောင်နောင်တရလားဟင် "

"ဟင့်အင်း ဂျိန်း
ကိုယ် ဘယ်တော့မှနောင်တမရပါဘူး
ပြီးတော့ ဂျိန်းသဘောပါဘဲ
ကလေး လိုချင် မလိုချင်
မင်းသဘောပါ"

"ကလေးကဘယ်သူနဲ့တူမှာလဲ ကြည့်ရအောင်လေ
ကျမတစ်ခါမှအချစ်ကို မယုံခဲ့ဖူးဘူး လီဆာ
ရှင်နဲ့ကျမှ
အိမ်ထောင်ရေးကိုလည်း ဘယ်သောအခါမှ အယုံအကြည် မရှိခဲ့ဘူး
ဒါပေမဲ့ ရှင့်ကြောင့်သာဒီအထိရောက်လာတာ
ကျမကလေးမလိုချင်ခဲ့ဘူး
ဒါပေမဲ့ ကျမသိနေတယ်
ရှင်ကျမကို နောက်တစ်ကြိမ် သက်သေပြနိုင်ဦးမယ် ဆိုတာကို
ဒါပေမဲ့ကျမကြောက်တယ် လီဆာ"

"ကိုယ့်ကိုယုံပါ ဂျိန်း
ကိုယ်မင်းအနားမှာရှိတယ်
ဒါကကိုယ်တို့ဘဝရဲ့ အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်
သူလေးက ကိုယ်တို့နှစ်ယောက်ကို ပျော်ရွှင်မှုတွေယူဆောင်လာပေးမှာသေချာတယ်"

"ကတိပေးလား"

"ပေးတယ်"

"ကျမတို့နှစ်ယောက်ရဲ့ သွေးသားလေးကို ယူ‌ရအောင်လေ"

"မင်းဒါကို အချစ်လို့ခေါ်မလား"

"ဟင့်အင်း
ဒါမှအချစ်ဘဲ"

လီဆာ နှုတ်ခမ်းကိုစနမ်းလိုက်ပြီး
အချစ်ကမ္ဘာလေးဆီသို့

လက်ရှိအခြေအနေ

"ပြီးတော့ရော"

"ပြီးတော့
ငါ့ရဲ့ကမ္ဘာကြီးကငါ့ကို ဒယ်ဒီလို့ခေါ်ခဲ့တယ်"

"ကျမကရော"

"ဟမ်..."

"ကျမကရော ဘာဖြစ်သွားလဲ"

"သူပါ မင်းမဟုတ်ဘူး"

"အား ဆောရီး
သူ..
သူဘာဖြစ်သွားလဲ"

လီဆာမဖြေခဲ့
အချိန်အတော်ကြာတော့မှ

"သီချင်းဆိုတယ်
သူကအမြဲတမ်း သီချင်းဆိုဖို့ဘဲ စိတ်အားထက်သန်‌ေနတာ
ပြီးတော့ သူ့အိမ်မက်နောက်ကိုလိုက်သွားတယ်လေ"

"နေပါဦး
ဒါကအဓိပ္ပာယ် မှမရှိတာ
အချစ်နဲ့အိမ်ထောင်ရေးကို မုန်းတီးတဲ့သူက
ရှင့်အတွက်နဲ့အရာရာကိုထားခဲ့တာလေ
Ellaမွေးလာတော့မှ သူက သူ့အိမ်မက်‌ေနာက်ကို  ပြန်လိုက်တယ်ပေါ့
ကျမကတော့မယုံကြည်နိုင်ဘူး"

"မင်းယုံဖို့မယုံဖို့ပြောနေတာမဟုတ်ဘူး
ဒါကတကယ့် အကြောင်းကိုပြောနေတာ "

"အဲဒါဆိုရင်တောင်မဟုတ်သေးပါဘူး
ရှင်တစ်ခုခုကိုတော့ ဖုံးကွယ်ထားတယ်မလား
အမှန်တိုင်းပြောပါ"

"Ellaကအမေ့အကြောင်းမေးလို့ ဒယ်ဒီပြောပြပြီးပြီနော်
ပြီးပြီ သွားကြစို့
Kuma လာ
ငွေရှင်းခဲ့ပြီ"

"သိပါပြီ ပိုက်ဆံရှင်းဖို့အတွက်ရုန်းကန်နေရတဲ့အချိန်တွေရှိခဲ့ပေမဲ့
အခုတော့ကော်ဖီလေးတစ်ခွက်ကို ဝမ်2000တောင်သုံးနိုင်နေပြီ
အဲဒီတော့ရှင့်ရဲ့ဦးစားပေးပုံကရှင့်ပုံစံနဲ့လိုက်ပြီး ပြောင်းလဲသွားတာဘဲ*

"Ellaသွားကြစို့
Kuma"

လီဆာထသွားတယ်

"ဇာတ်လမ်းကိုထားခဲ့သလိုမျိုး
သူ့ကိုလည်းထားခဲ့နိုင်တာဘဲ"

"ဒယ်ဒီ ‌အမေ့ကိုထားခဲ့တာလားဟင်"

"ငါကတစ်ခြားသူအမြင်ကိုစိတ်မဝင်စားပေမဲ့
ငါသမီးရဲ့အမြင်ကိုတော့အလေးပေးတယ်"

လီဆာပြန်ထိုင်လိုက်ရပြီး

"အမေ့ရဲ့ဇာတ်လမ်းကိုကြားပြီးပြီမလား
အဖေ့အကြောင်းကို ပြောပြရမလား"

##########
Part 13 finished

Hi DaddyWhere stories live. Discover now