chapter 53

1.1K 153 1
                                    

Chapter 53 STTA
January 14, 2024
Chapter 53

ဝက်ဝံညအိပ်ဝတ်စုံ

သူတို့ အမှန်တကယ် ထိုသို့လုပ်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။

သူတို့က သူ့ကို အနည်းငယ်ခန့် ရိုက်နှက်မည်ဟုသာ သူထင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူက မိန်းမတစ်ယောက်ဖြစ်သည်။  မိန်းမတစ်ယောက်အပေါ်တွင် သူတို့ အလွန်ရက်စက်ကြမည်မဟုတ်ပေ။

တီဗီထဲမှာလည်း အဲလိုပဲ မဟုတ်လား...

“အခု သိပြီမဟုတ်လား ငါတို့က ဒီမှာ လာဆော့နေကြတာမဟုတ်ဘူး...”

သူ၏သွေးစွန်းနေသည့်ဓားကို ကစားရင်း ခေါင်းဆောင်က ပြုံးလိုက်သည်။

“မင်းပိုက်ဆံယူမလာဘူးဆိုရင် ငါမင်းရဲ့နောက်လက်တစ်ချောင်းကို ထပ်ဖြတ်မယ် သိပြီလား...”

ကျိုးကျွမ်က နာကျင်မှုကြောင့် သတိမေ့မတတ်ဖြစ်နေသည်။ ထိုအချိန်တွင် တခြားအရာများကို စိုးရိမ်ပေးဖို့ သူ့၌မည်သည့် စွမ်းအားမှ မရှိတော့ပေ။ သူမ ငိုနေလျက် အမြန်ပြောလိုက်သည်။

“သနားပေးပါ။ကျေးဇူးပြုပြီး သနားပါဦး။ငါ့သားက တကယ့်ကို ဘေဂျင်းမှာပါ...”

အသက်အန္တရာယ် ထိခိုက်စေနိုင်သည့် ခြိမ်းခြောက်မှုကြီးက သူ့ခေါင်းပေါ်သို့ရောက်လာသောကြောင့် ကျိုးကျွမ်က သူကလေးလဲခဲ့သည့် အမှန်တရား တစ်ခုလုံးကို ထုတ်ပြောလိုက်သည်။ ငွေတိုးချေးသည့် တစ်ဖွဲ့လုံး လုံးဝအံ့ဩသွားကြသည်။

သူတို့ရှေ့က သူရဲဘောကြောင်သည့် မိန်းမက ထိုသို့သောကိစ္စမျိုးကို ပြုလုပ်နိုင်လိမ့်မည်ဟု သူတို့ စိတ်ကူးကြည့်ရန်ပင် မလွယ်ပေ။

ဖြစ်ရပ်တစ်ခုလုံးက ထူးထူးဆန်းဆန်းနှင့် စိတ်ကူးယဉ်ဆန်သည်။ ထို့အပြင် ဝေ့မိသားစုနှင့်လည်း ပတ်သတ်နေသေး၍ အဓိကအချိန်တွင် ပြသသည့် ဇာတ်လမ်းတွဲနှင့်ပင် တူနေသေးသည်။

ခေါင်းဆောင်က ရုတ်တရက် တစ်ခုခု ကို သတိရသွားသည်။ သူက ဖုန်းကိုထုတ်ပြီး အသံဖမ်းသည့် appကိုဖွင့်ကာ ဖုန်းကို ကျိုးကျွမ်ရှေ့တွင် ချလိုက်သည်။

သနားစရာကောင်းတဲ့ ဗီလိန်လေးကိုကယ်တင်ခြင်း Where stories live. Discover now