chapter 91

1K 134 4
                                    

Chapter 91 STTA
January 23, 2024
Chapter 91

ဝေ့မိသားစုမှ ထွက်ခွါခြင်း

ဝေ့ရှီမင်းက ဝေ့မင်ကျန်းကို ပစ်မှတ်ထားနေသည်ဟူသော သတင်းကြောင့် ကျောင်းတစ်ခုလုံး အလွန်တုန်လှုပ်သွားခဲ့ကြသည်။ ထိုအကြောင်းကို ဆရာများပင် သိနေကြသည်။ မူလက ဝေ့ရှီမင်းဘက်တွင် ရှိနေသည့် ဝေ့ရော့ယန်၏စိတ်ထဲ၌ပင် မယုံနိုင်ဖြစ်ကာ ရှုပ်ထွေးလာဟု ခံစားနေရသည်။

ဝေ့ရော့ယန်၏သဘောထားက ဝေ့ရှီမင်းကို ထောက်ခံသူများအားလုံးကိုကိုယ်စားပြုသည်။

ထိုပြဿနာက ဝေ့မိသားစုထံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ မဒမ်ဝေ့က ထိုအကြောင်းကို ကြားသောအခါ ဒေါသတကြီးဖြစ်သွားသည်။ သို့သော်လည်း သူမ ဒေါသထွက်ရန် အခွင့်အရေးပင် မရသေးမှီ ဝေ့ရှီမင်းက  စနေနေ့တွင် ပင်မအိမ်တော်ခွဲသို့ အပြေးပြန်လာခဲ့သည်။ သူက မဒမ်ဝေ့ကို အလေးအနက် တောင်းပန်ခဲ့ပြီးနောက် ဝေ့မင်ကျန်းအား လေးလေးနက်နက် တောင်းပန်ခဲ့သည်။

"ငါတောင်းပန်ပါတယ် …ငါစိတ်ဆိုးနေလို့ လုပ်ခဲ့မိတာပါ…နောက်ဘယ်တော့မှ မလုပ်တော့ပါဘူး…”

ဝေ့ရှီမင်း က ထိုသို့ ပြောပြီးသည်နှင့် သူ့မျက်ရည်များကို သုတ်လိုက်သည်။

မဒမ်ဝေ့၏ဒေါသများ အငွေ့ပျံသွားသည်။

"ရှီမင်း... မင်း ဒီလိုကိစ္စမျိုးကို မင်ကျန်း အပေါ် ဘာလို့များ လုပ်နိုင်ရတာလဲ…”

ဝေ့ရှီမင်းက သူ့ကိုယ်သူ သူမရင်ခွင်ထဲပစ်ဝင်ပြီး မဒမ်ဝေ့ကို ပွေ့ဖက်ပြီး ငိုလိုက်သည်။

"မား …ဒါက ကျွန်တော် မနာလိုဖြစ်ပြီး စိတ်တိုသွားလို့ပါ... မင်ကျန်း ပြန်ရောက်ကတည်းက မားက သားကို ဂရုမစိုက်တော့ဘူး သူ့ကိုပဲ အာရုံစိုက်နေခဲ့တာ…သားက မားရဲ့ သားအရင်းမဟုတ်ပေမဲ့ သားကတော့ မားကို အမေအရင်းလို့ပဲ အမြဲမှတ်ယူထားခဲ့တာ…ဆယ်နှစ်ကျော်လုံးလုံး သားသိခဲ့တဲ့  တစ်ဦးတည်းသောအမေက မားပါပဲ...ဒါပေမယ့် မားက သားကို မားရဲ့သားအရင်းမဟုတ်ဘူးလို့ ရုတ်တရက်ပြောခဲ့တယ်… ပြီးတော့ အခု မားက သားကို သဘောမကျတော့ဘူး…သား အရမ်းစိတ်ဆိုးတယ် သားအရမ်းလည်း ဝမ်းနည်းမိသွားတယ် …”

သနားစရာကောင်းတဲ့ ဗီလိန်လေးကိုကယ်တင်ခြင်း Where stories live. Discover now