chapter 78

496 64 0
                                    

Chapter 78 STTA
January 18, 2024
Chapter 78

အပြစ်ပေးခံရပြီးနောက် ဟူမေ့က ဝေ့မင်ကျန်းကိုရှောင်ရန်  အကောင်းဆုံးကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် သူ့ထံသို့ ပြေးဝင်မိသွားသည်။ သူမ၏အမူအရာက အဆင်မပြေဖြစ်လာပြီး ထွက်သွားရန်ကလွဲ၍ ကျန်သည့်အရာ ဘာကိုမှ မလိုချင်တော့ပေ။

ဝေ့မင်ကျန်း မျက်ခုံးပင့်လိုက်သည်။

" ခင်ဗျား ဒီမှာရှိနေသေးတာလား..."

သူ့စကားကြောင့် ဟူမေ့၏နှလုံးသား တုန်လှုပ်သွားသည်။

ယမန်နေ့ကနှင့် ယနေ့အဖြစ်အပျက်များ အပြီးတွင် သူမက မိသားစုအတွင်းရှိ ဝေ့မင်ကျန်း၏ အနေအထားကို ရှင်းရှင်းလင်းလင်း သိလာခဲ့ပြီးဖြစ်သည်။ သူမ၏နှလုံးက ဒရမ်တစ်ခုသဖွယ် ခုန်နေသည်။ ဝေ့မင်ကျန်း၏ မှတ်ချက်ကို သူမ ကြားလိုက်သည်နှင့် "အိုး မင်း အလုပ်ထုတ်မခံရသေးဘူးပဲ”ဟု ဆိုလိုသည့် အဓိပ္ပါယ်ကို သူမ နားလည်သွားသည်။

သူမ ချက်ချင်းပင် စိတ်ရှုပ်လာသည်။

သူမကို အလုပ်ထုတ်မခံချင်ခဲ့ပေ။

"သခင်လေးမင်ကျန်း..."

သူမ အံတင်းတင်းကြိတ်လိုက်သည်။

"မနေ့က သခင်လေးကို အရှက်ရအောင်လုပ်ဖို့က သခင်လေးရှီမင်းရဲ့ အကြံအစည်ပါ…ကျွန် ကျွန်မကအမိန့်အတိုင်း လုပ်ရတာပါ…”

ယခုတွင်မူ သခင်လေးမင်ကျန်းနှင့် သခင်လေးရှီမင်းတို့က ကြိုဆိုပွဲ၌ ထိပ်တိုက်တွေ့ကြသည်ကို အစေခံများအားလုံး သိရှိပြီးဖြစ်သည်။ သခင်လေးရှီမင်းက ဝေ့မိသားစုထဲတွင် ဆက်ရှိနေဦးမည်ဖြစ်သော်လည်း မဒမ်ဝေ့က သခင်လေး မင်ကျန်းအပေါ် အနည်းငယ်ပို၍ သဘောထားကြီးကြောင်း ထင်ရှားသည်။

အကြောင်းအရင်းမှာ အလွန်သိသာသည်။ မည်သူမဆို ကိုယ့်သားအရင်းအပေါ် သဘောထားကြီးမည်ဖြစ်သည်။သားအတုကို သူ့သားအရင်းရဲ့ နေရာမှာ ဘယ်လိုများ ထားနိုင်ပါ့မလဲ…

သခင်လေးရှီမင်း၏ဘဝက ပြီးသွားပြီ ဖြစ်နိုင်သည်။ ထို့အပြင် သူမ ယမန်နေ့က အပြစ်ပေးခံခဲ့ရသော်လည်း သခင်လေးရှီမင်းက သူမအတွက် လုံးဝစိုးရိမ်ပုံမပေါ်ခဲ့ပေ။ ဟူမေ့၏စိတ်ထဲတွင် အနည်းငယ် နာကျည်းသွားသလို ခံစားလိုက်ရသည်။ သခင်လေးမင်ကျန်းက ပို၍ပို၍ အားကောင်းလာပြီး သခင်လေးရှီမင်းက တဖြည်းဖြည်း အာနည်းလာသည်။ ထို့အပြင် ဝေ့မင်ကျန်းက သူ့အား သင်ခန်းစာပေးထားပြီးဖြစ်၍ သူ့ကို ထပ်ရန်စရန် မတတ်နိုင်တော့သည်ကို သူမ သိသောကြောင့် တစ်ဖက်ကို ရွေးရမည်က သဘာဝကျပေသည်။ သူမသာ တုံးအလျှင် အမှန်တကယ် ကန်ထုတ်ခံလိုက်ရနိုင်သည်။

သနားစရာကောင်းတဲ့ ဗီလိန်လေးကိုကယ်တင်ခြင်း Where stories live. Discover now