chapter 87

511 66 0
                                    

Chapter 87 STTA
January 21, 2024
Chapter 87

ကပွဲဘုရင်မ

ကျန့်ယောင် သူ့လက်ချောင်းများကို ခပ်တင်းတင်းဆုပ်ထားလိုက်ပြီး ရုတ်တရက် အလွန်ပင် မသက်မသာဖြစ်လာသည်။ ဝေ့ရှီမင်းက ထိုကိစ္စများအားလုံးကို ဖြစ်ပေါ်စေသည့် သူတစ်ယောက်ဖြစ်ပြီး သူမကိုပင် ထိုကိစ္စထဲတွင် ပါသွားစေခဲ့သည် ။ ဝေ့ရှီမင်းက သူမအစား ပထမဆုံး စကားဝင်ပြောပေးခဲ့သူ မဟုတ်ပေ။ သူက အခြားသူများ၏ ခြိမ်းခြောက်မှုကို ခံရပြီးမှသာ နောက်ဆုံးတွင် ပြစ်ဒဏ်ခံယူရန် သဘောတူခဲ့သည်။ထို့အပြင် သူက  ကျန့်ယောင်အတွက် သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံနေသည့် ပုံစံပင် လုပ်ခဲ့သေးသည်။

အခြားလူများက သူ သူမအတွက် အများကြီး စတေးခဲ့ရသည်ဟုပင် ပြောကြသေးသည်။

သို့သော်လည်း သူ့ကြောင့်သာမဟုတ်လျှင် သူမ မည်သည့်ပြစ်ဒဏ်ကိုမှ ခံရမည်မဟုတ်ပေ။

ကျန့်ယောင် စိတ်ထဲတွင် အလွန်ခံရခက်သလို ဖြစ်မိသော်လည်း မည်သည့် စကားမှ မပြောနိုင်ပေ။

သူမ မူလတည်းက တစ်ခုခုမှားနေသည်ဟု ဝိုးတဝါးခံစားခဲ့ရသော်လည်း ဝေရှီမင်း ယခင်က သူမအပေါ် မည်မျှ ကောင်းခဲ့သည်ကို တွေးပြီး သူမ စိတ်ထဲရှိ အဆင်မပြေမှုများ အားလုံးကို တွန်းထုတ်ပစ်လိုက်သည်။ သူမ မျက်နှာတွင် ခပ်တောင့်တောင့် အပြုံးတစ်ခုပြုံးကာ ဖုံးကွယ်လိုက်ပြီး လူတိုင်း၏ မနာလိုသော အကြည့်များကို လက်ခံလိုက်သည်။

ဝေ့ရှီမင်းက ကျန့်ယောင်ကိုယ်စား အပြစ်ပေးခံရန် ရွေးချယ်လိုက်သောကြောင့် သူက သူ့အပေါ် အချိုရည်ပမာဏ နှစ်ဆကို လောင်းချခံရမည်ဖြစ်သည်။

အစီအစဉ်တင်ဆက်သူလည်း အနည်းငယ် အဆင်မပြေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့အသံက ယခင်ကကဲ့သို့ စိတ်လှုပ်ရှားမှုမျိုး မရှိတော့ပေ။

"ဒါဆိုရင်လည်း ပြစ်ဒဏ်စပေးလိုက်ကြရအောင်…”

ပွဲခန်းမထဲတွင် သစ်သီးဝိုင် အများကြီးရှိသည်။ လူတိုင်းက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ထို့နောက် သူတို့က ဖန်ခွက်များကို ကောက်ကိုင်ကာ ကပွဲကြမ်းပြင်ဆီသို့ လျှောက်သွားကြသည်။

သနားစရာကောင်းတဲ့ ဗီလိန်လေးကိုကယ်တင်ခြင်း Where stories live. Discover now