chapter 86

298 44 1
                                    

Chapter 86 STTA
January 21, 2024
Chapter 86

အနိုင်ရလို့ ဂုဏ်ယူပါတယ်

ကျောင်းသားများ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။

“မြန်မြန်လုပ်ပြီး မဲဖောက်ပေးလိုက်ပါ.. လုပ်ပါတော့…”

"အရမ်းစိတ်မပူကြပါနဲ့..ငါပြောတာကို နားထောင်ပေးကြပါ…”

အစီအစဉ်တင်ဆက်သူ က ပြုံးပြီး ခန်းမထဲရှိ လူများကို ထိန်းလိုက်သည်။

"ကျွန်တော် ပထမဆုကို ကြေငြာပြီးပါပြီ…ဒုတိယ ဆု ကို ကြေငြာပေးပါ့မယ်…”

"ဒုတိယဆုကတော့ ဆုလာဘ်မဟုတ်ဘဲ ပြစ်ဒဏ်ဖြစ်ပါတယ်…”

“ပြစ်ဒဏ်လား…”

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

"ဘာအပြစ်ဒဏ်လဲ…”

တစ်ယောက်က မေးလိုက်သည်။

အစီအစဉ်ကြေငြာသူက ပြုံးပြီး ပြောလိုက်သည်။

"အပြစ်ဒဏ်ကလား… ဒုတိယဆုရတဲ့သူက တခြားလူတွေကို သူတို့ကိုယ်ပေါ် အချိုရည်တွေလောင်းခိုင်းရလိမ့်မယ်…”

လူတိုင်း အံ့ဩသွားကြသည်။ ချက်ချင်းပင် တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောကြသည်။

“အချိုရည်တွေနဲ့ အလောင်းခံရမှာတဲ့လား…ငါတို့ ကြားလိုက်ရတာ အမှန်ပဲလား…”

"လူတိုင်းက ဒုတိယဆုရှင်ကို အချိုရည်နဲ့လောင်းကြမှာလား….”

“ဟုတ်တယ်…မင်းထင်ထားတဲ့အတိုင်းပဲ…လူတိုင်းက ဒုတိယဆုရှင်ကို အချိုရည်တွေလောင်းရလိမ့်မယ်…”

အစီအစဉ်ကြေငြာသူက ကျယ်လောင်စွာ ပြောလိုက်သည်။

"ဒါက ဆိုက်ယောင်ရဲ့ ကပွဲပဲ …ငါတို့ဆိုက်ယောင် က ဘယ်တုန်းက နိမ့်ကျဖူးလဲ …ငါတို့ ကစားရင် စိတ်လှုပ်ရှားစရာ တစ်ခုခု  ပါရမယ်လေ…မင်းတို့ ဘယ်လိုထင်ကြလဲ …မင်းတို့ မှာ ကစားဖို့ သတ္တိရှိကြရဲ့လား…”

"ဒါက တကယ်ကို စိတ်လှုပ်ရှားစရာပဲ…”

ချက်ချင်းပင် စိတ်လှုပ်ရှားစရာများကို ရှာဖွေနေသည့် ကျောင်းသားအချို့က ထောက်ခံရန် ရှေ့သို့ တိုးလာကြသည်။

သနားစရာကောင်းတဲ့ ဗီလိန်လေးကိုကယ်တင်ခြင်း Where stories live. Discover now