chapter 89

591 78 2
                                    

Chapter 89 STTA
January 23, 2024
Chapter 89

လက်အောက်ငယ်သားမှ သစ္စာဖောက်အဖြစ် ပြောင်းလဲသွားခြင်း

ရှုနဉ်လည်း  သူ့နောက်ကျောမှလာသည့် ထူးဆန်းသောခံစားချက်ကို ရုတ်တရက် သတိရသွားသောကြောင့် သူ့အဝတ်အစားနောက်ကျောကို အမြန်ကြည့်လိုက်သည်။ ယခင်က သူ မသိခဲ့သော်လည်း ယခုတွင် သူ့ဝတ်စုံ၏ နောက်ကျောတွင် ချိတ်ထားသည့် နှင်းဆီပန်းပေါင်းများစွာကို တွေ့လိုက်ရသည်။

သေစမ်း…

ရုတ်တရက်  ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားပြီး ဗီလိန်လေးအား စိုက်ကြည့်လိုက်သည်။

"မင်းသိပြီးသားမလား…ငါ့ကို ဘာလို့ မပြောပြရတာလဲ…”

ရှုနဉ်က ပုံမှန်ဆိုလျှင် မေ့ထားနိုင်သော်လည်း  သူက ရန်သူကိုပင် ကူညီပေးခဲ့သည်။

ဗီလိန်လေးက သူ့ကို နေရာအနှံ့ ဆွဲခေါ် သွားခြင်းကြောင့်သာ မဟုတ်ပါက ထိုအကြောင်းကို မသိရန် မဖြစ်နိုင်ပေ။

သူတို့အားလုံးက စုပေါင်းပြီး သူ့ကို ဆန့်ကျင်ခဲ့ကြသည်။

ဗီလိန်လေးက သူတို့ကြောင့် ပျက်စီးသွားခဲ့သည်။

ရှုနဉ်က ဒေါသထွက်နေသော်လည်း တစ်ချိန်တည်းမှာပင် အခြေအနေတစ်ခုလုံးက ရယ်စရာကောင်းသည်ဟု သူခံစားလိုက်ရသည်။

"မင်းတို့ စည်းကျော်လိုက်တာပဲ မဟုတ်လား…”

"စည်းကျော်တာလား…ငါတို့က ဒီထက်ပိုပြီး တောင် စည်းကျော်ချင်ကြသေးတယ်…”

ကောင်လေးများက ခုန်ပေါက်ပြီး အော်ဟစ်လိုက်ကြသည်။ ယောက်ျားလေးများက ရှုနဉ်၏အဝတ်ပေါ်တွင် နှင်းဆီပန်းချိတ်ပေးရန် ပြေးလာကြသည်။

ရှုနဉ်လည်း လုံးဝ အံ့ဩသွားသည်။ သူ ထွက်ပြေးရန် ကြိုးစားသော်လည်း အရပ်မျက်နှာပေါင်းစုံမှ လူများက သူ့ဆီသို့ လှမ်းလာနေကြသည်။ သူတို့က သူ့ကို လူအုပ်အလယ်တွင် ပိတ်ထားပြီး ရယ်မောရင်း သူ့ဆံပင်၊ သူ့အဝတ်အစားနှင့်ဘောင်းဘီတို့တွင် နှင်းဆီပန်းများ ချိတ်ပေးနေကြသည်။

သနားစရာကောင်းတဲ့ ဗီလိန်လေးကိုကယ်တင်ခြင်း Where stories live. Discover now