Unicode ~~~
"Tae ကျောင်းဆင်းရင်ဘယ်သွားမလဲ အိမ်တော့တန်းမပြန်ချင်ဘူး မင်းရော"
"အဂျီရဲ့စိတ်ကအဲ့လိုဆိုမှတော့ အဂျီရဲ့သူငယ်ချင်းဖြစ်တဲ့ ထယ်ထယ်စိတ်ကလည်းတူတူပဲပေါ့"
"အင်း အဲ့ဆို ဘယ်သွားမှာလဲ"
"ဘယ်သွားရင်ကောင်းမလား ဂိမ်းဆိုင်သွားမလား"
"ဟင့်အင် ဂိမ်းဆိုင်မသွားချင်ဘူး သွားရတာရိုးနေပြီ"
"အဲ့ဆို ဘယ်သွားချင်လဲ အဂျီပြော"
"Tae မင်းငါ့ကိုအဂျီ အဂျီနဲ့မခေါ်စမ်းပါနဲ့ နားထဲကလိကလိဖြစ်တယ် မိန်းမနာမည်ကြီးပြီးတော့"
"ဘာဖြစ်လည်း မင်းနဲ့လိုက်လို့ခေါ်တာပဲကို ခေါ်မှာပဲ"
"ရတယ်လေ အဲ့ဆိုလည်းမင်းကိုပါ မိန်းမနာမည်နဲ့တူအောင်ငါခေါ်မှာ"
"ငါ့နာမည်က ဘယ်လိုခေါ်ခေါ်မိန်းမနာမည်နဲ့မတူဘူး ခေါ်စမ်းပါ ဟွန့်"
"ရတယ်လေ အဲ့ဆို ဒီနေ့ကစပြီးမင်းကို မိထယ်လို့ခေါ်မယ်"
"ဟမ် ဘာဖြစ်တယ် ဘယ်လိုခေါ်မှာ"
"မိထယ်လေး ငါရဲ့မိထယ်လေး"
"ဟာ မင်းနော် ငါ့ကိုအဲ့လိုကြီးမခေါ်နဲ့ ငါမကြိုက်ဘူး"
"မင်းတောင်ငါမကြိုက်တဲ့အဂျီဆိုတာကြီးကိုခေါ်သေးတာပဲ ခေါ်မှာပဲလာမတားနဲ့ မိထယ် မိထယ် မိထယ်ရေ"
"ရား ပတ်ဂျီမင်း ပါးစပ်ပိတ်တော့နော် ငါတကယ်လိုက်လုပ်မှာ"
"မင်းကလိုက်လုပ်ရင်ငါကပြေးမှာပေါ့ မိထယ်လေးရဲ့"
"ရား ပတ်ဂျီမင်း မင်းပြေးတော့"
"မိထယ်လေးနောက်ကလိုက်လာလို့ ကယ်ကြပါအုံး"
အခန်းပြင်တစ်လျှောက်လုံး မိထယ် မိထယ်နဲ့ အသံကုန်အော်ဟစ်ကပြေးသွားတဲ့ဂျပုကောင်ကြောင့် tae နောက်ကနေအမှီပြေးလိုက်ရသည်။
"ရား ပတ်ဂျီမင်း မင်းအဲ့မှာရပ်နေနော်"
"ရပ်ရင်မင်းလုပ်တာခံမှာပေါ့ ရပ်ပါဘူး မိထယ်လေး"
"ဟော..ဟဲ တော်ပြီ ငါမလိုက်နိုင်တော့ဘူး မင်းလည်းဆက်မပြေးနဲ့တော့ ငါအဂျီလို့မခေါ်တော့ဘူး"
YOU ARE READING
အတိတ်ဘဝ❦နဲ့ချစ်ကြိုးသွယ်🕊.⋆{Og}
Fanfictionဒီပုံစံလေးကို ရေးဖို့တောင်းဆိုတဲ့ ဒါဒါလေးလည်း သဘောကျနှစ်သက်မယ်လို့မျှော်လင့်ပါတယ်။ပထမဆုံးဖြစ်တာကြောင့် အသုံးအနှုန်းမသိတာနဲ့ ဖတ်ရအဆင်မပြေဖြစ်တာမျိုးလေးကိုသည်းခံပေးပါရှင့်...တချို့အသုံးအနှုန်းတွေကိုသိပ်မသိတာကြောင့် အခုခေတ်တိုင်းသုံးမိရင်လည်းနားလည်ပေးပ...