Part - 7 🕊️

110 18 1
                                    

Unicode.....

ပန်းချီကားထဲက ကိုယ်မသိတဲ့နေရာကိုရောက်လာပြီး  အခက်အခဲမရှိအဆင်ပြေပြေနေနိုင်ပေမယ့် တစ်ဖက်ကjiminမှာတော့ taeပြန်မလာဘူးဆိုတဲ့စကားကြောင့် ခေါင်းခြောက်နေရသည်။

"Mon တကယ်ပဲ ထယ်‌ကအိမ်ပြန်မလာဘူးလား"

"ဟုတ်တယ်သားjimin‌လေးရဲ့ သားနဲ့အတူတူသွားတဲ့နေ့ကတည်းကပြန်မလာဘူး အန်တီကသားအိမ်မှာရှိနေတယ်ပဲထင်တာ"

"အဲ့ဆို ထယ်‌ပျောက် နေတာတစ်ရက်ကျော်ပြီပေါ့"

"ဟုတ်တယ်သားရဲ့ ကူညီပါဦးသားရယ် အဲ့ကလေးဘယ်ရောက်နေလဲမသိဘူး ‌Mon စိတ်ပူတယ် သားနဲ့သွားတက်တဲ့နေရာတွေရှာ‌ကြည့်ပေးပါဦး"

"ဟုတ်ကဲ့Mon ကျနော်အခုပဲရှာကြည့်လိုက်ပါ့မယ်"

"အေး အေးပါjimin‌လေးရယ် ဂရုစိုက်သွားအုံး‌နော် တွေ့ရင်Monတို့ကိုဖုန်းဆက်ပါဦးနော်"

"ဟုတ်ကဲ့Mon ကျနော်ဖုန်းဆက်လိုက်ပါမယ် ပြီးတော့ Monတို့ကရဲစခန်းမှာလူပျောက်တိုင်ထားလိုက်ပါ"

"အေးပါကွယ် သားထယ်လေးဘာမှမဖြစ်ပါစေနဲ့ သားထယ်သာတစ်ခုခုဖြစ်ရင် Monရင်ကျိုးရမှာ"

"ဟုတ်ကဲ့ သားနားလည်ပါတယ် သားနေရာစုံလိုက်ရှာကြည့်လိုက်ပါ့မယ်"

"စိတ်ချမယ်‌နော် သားjimin"

"ဟုတ်ကဲ့ စိတ်ချပါ Mon"

ထိုသို့ပြောပြီး jiminလည်းထယ်ကိုရှာရန်ထွက်လာခဲ့သည်။

"ကင်ထယ်ယောင်း ဒီကောင်ဘယ်တွေလျှောက်သွားနေလဲမသိဘူး"

Jiminလည်း သူနဲ့သွားဖူးတဲ့နေရာတွေ အစုံလိုက်ရှာကြည့်နေခဲ့တယ်။

အချိန်တွေကုန်သွားပေမယ့် ထယ်ယောင်း ကိုဘယ်နေရာမှာမှရှာ‌မတွေ့ခဲ့ဘူး........

"ဒီ‌မျောက်လောင်း‌က ငါမပါဘဲနဲ့ဘယ်မှသွားတဲ့ သူ
မဟုတ်ပါဘူး အခုဘယ်တွေရောက်နေပါလိမ့်"

Jimin ထိုသို့တွေးနေတုန်း ဖုန်းမြည်သံကြားလိုက်ရတယ်။
In phone..

Tae Mon - သား Jimin ထယ်လေးကိုရှာတွေ့လား

Jm - မတွေ့သေးဘူး Mon သွားဖူးတဲ့နေရာတွေ လည်းတော်တော်စုံနေပြီ

အတိတ်ဘဝ❦နဲ့ချစ်ကြိုးသွယ်🕊.⋆{Og}Where stories live. Discover now