Part ~ 3 🕊️

185 13 3
                                    

Unicode ~~~

Tae လည်း အိမ်မက်တွေကြောင့် အလန့်တကြားနိုးလာပြီ ဘေးခုံပေါ်ကရေကို အဝသောက်ပစ်လိုက်ကာ တဖန်ပြန်အိပ်ရန်ပြင်လိုက်သည်။

အိမ်မက်တွေမက်ပြီးလန့်နိုးတာကဒီနေ့မှမဟုတ်ပဲနေ့ရက်တိုင်းဖြစ်နေကျအရာမလို့ taeအတွက် ရိုးနေခဲ့ပြီပင်။

ဒါပေမဲ့ Tae သိချင်တာက သူ့နာမည်ကိုအော်ခေါ်နေတဲ့ jeonဆိုတဲ့ အိမ်မက်ထဲကလူပင် မျက်နှာကိုမမြင်ရပဲ အသံကိုသာကြားနေရတာ ငယ်ငယ်ကတည်းကပင်ဖြစ်သည်။

Tae လည်းတရေးပြန်အိပ်ပေမဲ့ အိပ်တိုင်းမက်နေကျထိုအိမ်မက်ကိုသာပြန်ပြန်မက်လေ့ရှိသည်။

မနက်ခင်းရောက်လို့ နေရောင်ခြည်ဖြာကျလာသည်နှင့် taeတစ်‌ယောက် ငြီးညူစွာနိုးထမိသည်။

"အင်း အိပ်လို့ကောင်းလိုက်တာ ကျောင်းသွားရဦးမယ် ရေချိုးမှ"

Taeလည်းအိပ်ယာကထပြီး ရေမိုးချိုးအဝတ်အစားလဲပြီးမှ အိပ်ယာသိမ်းကာအောက်ထပ်ဆင်းခဲ့သည်။

"Mon မောနင်း"

"အံမယ် ဒီနေ့ကျလာမနှိုးရပါ့လား ညကအိပ်မပျော်ဘူးလားသား"

"အိပ်မပျော်ဆို Monရယ် သားငယ်ငယ်ကတည်းကမက်တဲ့အိမ်မက်ကြောင့်ပဲပေါ့ ညဆိုတချိုးတည်းအိပ်မရဘူး တစ်ခါမဟုတ်နှစ်ခါလောက်လန့်လန့်နိုးနေတာ"

"အဲ့အိမ်မက်ကဒီအရွယ်ထိတောင်ရောက်နေပြီ မက်နေတုန်းလား"

"အင်း မက်နေတုန်း ဘာကိုဆိုလိုမှန်းလဲမသိဘူး ပြီးတော့ မက်တာကလည်းငယ်ငယ်ကတည်းကမက်လာတဲ့ဟာပဲ ပြောင်းလဲမသွားဘူး"

"အရင်အတိတ်ဘဝတွေနဲ့များပက်သက်နေလားမှမသိတာ သားရဲ့"

"ပါးပါး မောနင်း "

"မောနင်း သား"

"မသိပါဘူးပါးပါးရယ် ငယ်ငယ်ကတည်းကအိမ်မက်ကြီးကအခုချိန်ထိညတိုင်းမက်နေတုန်းပဲ တရက်မှမမက်တဲ့ရက်လို့လည်းမရှိဘူး ငယ်ငယ်ကတည်းကမက်လာတာ အခုချိန်ထိလည်း သားပြောတဲ့အဲ့အိမ်မက်ထဲကလူကဘယ်သူလဲမသိရဘူး"

"Jeonဆိုတာပဲသိရတယ်လို့ပြောမလို့လား"

"တကယ်လဲအဲ့တာပဲသိရတာကို မားမားကလည်း"

အတိတ်ဘဝ❦နဲ့ချစ်ကြိုးသွယ်🕊.⋆{Og}Where stories live. Discover now