Part~1 🕊️

326 24 4
                                    

Unicode....🕊️

နှစ်ပေါင်းများစွာကြာလွန်ပြီး နှစ်50ခန့် ကြာခဲ့သည်နှင့် ခေတ်တွေကလည်းအလီလီပြောင်းလဲခဲ့သည်။

အချိန်တွေပြောင်းလဲခဲ့သလိုခေတ်ပုံစံတွေပြောင်းလဲပြီးတိုးတက်ကြီးပွားလာသည်နှင့်အမျှအခုခေတ်မှာ မြင့်မားလာတဲ့တိုက်ကြီးတာကြီးတွေနဲ့ စီမံခံခွဲရေးလုပ်ငန်းအပါအဝင် လုပ်ငန်းပေါင်းမြောက်မြားစွာနဲ့တိုးတက်လာတဲ့ယခုခေတ်..........

တိုက်အဆောက်အဦးတွေနဲ့ပြည့်နေတဲ့ Korea နိုင်ငံရဲ့ Seoul မြို့ ပြောင်းလဲလာတာနဲ့အမျှ Seoul မြို့ကြီးဟာလည်း တဖြည်းဖြည်း တိုးတက်လာပြီး
စီးပွားရေအရာမှာလည်းနိုင်ငံအဆင့်နဲ့ရင်မောင်းတန်းလာနိုင်ခဲ့သည်။

Seoul မြို့ရဲ့ မျိုးရိုးအဆင့်အတန်းကြား မျိုးရိုးတစ်ခုအဖြစ်တည်ရှိလာတဲ့ ချမ်းသာလွန်းနေတာကြီးမဟုတ်ပဲ ချမ်းသာတယ်ဆိုတဲ့အဆင့်ရှိပြီး company တစ်ခုထူထောင်ထားတဲ့ Kim မျိုးရိုး....

နေတိုင်းနေ့တိုင်း ထိုkim အိမ်ကြီးထဲကကြားရတက်တဲ့ အိပ်ယာနှိုးရတဲ့အသံ..ဒါကတော့တခြားမဟုတ်
အမေဖြစ်သူက သားကျောင်းသွားဖို့ပုံမှန်နှိုးရတဲ့အရာတစ်ခုပင်....

"သား ထယ်ထယ်လေး မထသေးဘူးလား"

"အင်းဟင်း Monကလည်းစောကြီးပဲရှိသည်တာကို"

ဒါဟာ သူ့အသက်ကြီးလာမှ ထွန်းထွန်းပေါက်ပေါက်မွေးနိုင်ခဲ့တဲ့ တစ်ဦးတည်းသောသားလေး.......

ငယ်ငယ်ကတည်းကနေ  မနက်တိုင်းနှိုးလာခဲ့ရတာ အခုကြီးသည်အထိပင်။

"ထယ်ထယ်လေး ကျောင်းသွားရမယ်လေ ခဏနေ Jimin လေးလည်းလာတော့မှာမလား ထတော့
ခလေးလေး"

"အင်းးးးး Monကလည်း"

"ကဲထပါ Monသားလေးကလိမ္မာတယ်လေ ဟုတ်တယ်မလား"

"ဟီးဟီး ဟုတ်တယ် သားကလိမ္မာတယ်"

"အဲ့ဆိုထတော့ မနက်စာပြင်ပြီးပြီး ကျောင်းသွားဖို့ပြင်ဆင်ပြီးဆင်းလာခဲ့နော်"

"ဟုတ် မားမား"

သူအားလေးထောင့်ဆန်ဆန်အပြုံးလေးနဲ့အိပ်ချင်မူးတူးပြုံးပြပြီး မျက်လုံးလေး ပွတ်ကာ ထလာတဲ့ 19နှစ်အရွယ် သူ့မရဲ့သားချောလေး.......

အတိတ်ဘဝ❦နဲ့ချစ်ကြိုးသွယ်🕊.⋆{Og}Where stories live. Discover now