Part - 11 🕊️

88 12 0
                                    

Unicode ........

"ငါ ငါနေရာကိုပြန်ရောက်လာတာလား"

Taeတစ်ယောက် ပတ်ပတ်လည်ကိုအံ့ဩတစ်ကြီးလိုက်ကြည့်နေမိသည်။

"အား ပျော်လိုက်တာ ငါ‌မွေးမြေကိုပြန်ရောက်ပြီ"

ပျော်ရွှင်စွာ ခုန်ပေါက်ပြီး ပြတိုက်ထဲကထွက်သွားတဲ့ taehyung ဟာ ကြမ်းပြင်ခန္ဓာကိုယ်လေးကိုပွေ့ဖက်ပြီးငိုကျွေးနေတဲ့ပုံပြောင်သွားတဲ့ ပန်းချီကားလေးကို သတိမထားမိခဲ့ပေ။

"ဟင်း အား အခုမှပဲလေကောင်းလေသန့်တွေပြန်ရှူရတော့တယ် ငါအတိတ်ကိုရောက်သွားတာဘယ်လောက်ကြာသွားလဲမသိဘူး အိမ်ပြန်ဦးမှ"

Tae လည်း taxiတစ်စီး ကိုတားကာ သူ့ရဲ့အိမ်ရှိရာကိုပြန်ခဲ့သည်။

အိမ်ရှေ့ရောက်သည်နှင့် taxiခရှင်းဖို့ အိပ်ကပ်ကိုနှိုက်ကြည့်တော့ ကံကောင်းတယ်ပဲပြောရမလား ပိုက်ဆံအနည်းငယ်ရှိနေသည်။

"ဒီမှာ ဦးလေး taxiခ"

Taeလည်း ပိုက်ဆံပေးပြီး အိမ်ထဲကိုပျော်ရွှင်စွာနဲ့ခုန်ပေါက်ဝင်သွားခဲ့သည်။

အိမ်တံခါးလှပ်လိုက်တော့ တိတ်ဆတ်နေတဲ့ ဧည့်ခန်းလေူကသူ့ကိုကြို‌ဆိုနေသည်။

"ဟင် ဖေဖေနဲ့မေမေ ဘယ်သွားတာပါလိမ့် မေမေ မေမေရေ ဖေဖေ ဘယ်ရောက်နေတာပါလိမ့်"

Taeလည်း အိမ်အောက်ထပ် မှာနေရာအနှံ့လိုက်ခေါ်ပင်မဲ့ ထူးသံမကြားရပေ။

အပေါ်ထပ်က taeမေမေ မှာတော့ အောက်ထပ်ကမေမေလို့ခေါ်လိုက်တဲ့အသံကိုအရှင်းသားကြားလိုက်ရတာမို့ အလုပ်လုပ်နေတဲ့ ယောင်္ကျားကိုသွားကြည့်ခိုင်းရန်ခေါ်လိုက်သည်။

"ယောင်္ကျား အောက်ထပ်ကနေ ကျွန်မကိုမေမေလို့ခေါ်တဲ့သားလေးအသံကြားလိုက်တယ် သားလေးပြန်လာတာများလားမသိဘူး သွားကြည့်ပေးစမ်းပါ"

"မင်းစိတ်ထင်တာနေမှာပါ မိန်းမရာ ငါတို့သားလေးပျောက်သွားတာ ခုနှစ်လတောင်ပြည့်တော့မယ်လေကွာ မင်းစိတ်ကိုလျှော့လိုက်ပါတော့ မိန်းမရယ် ငါ့တို့ရဲ့သားလေးပြန်မလာတော့ပါဘူး"

"ရှင် အဲ့လိုမပြောနဲ့ ကျွန်မသားကသေချာပေါက်ကျွန်မစီပြန်လာမယ်ဆိုတာ ယုံတယ် အခုလည်း ကျွန်မးစိတ်ထဲသားလေးပြန်လာတယ်လို့ခံစားနေရတယ် အောက်ထပ်ကိုသွားကြည့်ပေးစမ်းပါရှင်"

အတိတ်ဘဝ❦နဲ့ချစ်ကြိုးသွယ်🕊.⋆{Og}Where stories live. Discover now