Unicode.....
"အား ဗိုက်ကိုတင်းသွားတာပဲ"
"ထပ်စားချင်သေးလား ကင်(မ်)"
"ခဗျားကြီး ကျုပ်ကိုလာရွဲ့နေတာလား"
"ဟမ် ကိုယ်မရွဲ့မိပါဘူး ကင်(မ်)ရယ်"
"ကျုပ်ဗိုက်ပြည့်ပြီး တင်းနေပြီလို့ပြောတာကို ခဗျားကထပ်ယူချင်သေးလားဆိုတော့ ကျုပ်ကိုဗိုက်ပြည့်ပြီးသေစေချင်တာလား အီးဟီး လူဆိုးကြီး သူများကို"
"မဟုတ်...မဟုတ်ပါဘူးကွာ ကိုယ်ပြောလိုက်တာအဲ့သဘောဖြစ်သွားတာလား အရင်ဆို ကင်(မ်)က ပြန်ပြန်ပြီးတောင်းတက်လို့ ကိုယ်ကပြောတာပါ"
"ဟင့် အီးဟီး ဟင့် ဟင့် အီးဟင့် ကျုပ်ကသူမှမဟုတ်တာ ဘယ်လိုလုပ်သူနဲ့တူမှာလဲလို့ ဟင့်ဟင့်"
"ဟုတ်ပါတယ် မငိုပါနဲ့ကွာ တိတ်တော့နော် ကိုယ်ကပဲတောင်းပန်ပါတယ် ကိုယ်ကအဲ့လိုသဘောမျိုးပြောတာမဟုတ်ရပါဘူးကွာ မငိုနဲ့နော် တိတ်တိတ် ညနေကျကိုယ်အပြင်လိုက်ပို့မယ်လေ"
"ဟမ်...တကယ်လား မလိမ်ရဘူးနော်"
"ကိုယ်ကဘယ်ချိန်တုန်းကလိမ်ဖူးလို့လည်း မလိမ်ပါဘူး ကိုယ်တကယ်လိုက်ပို့ပေးမှာ"
"အပြင်လိုက်ပို့မယ်ဆိုလို့ အငိုတိတ်လိုက်မယ် တကယ်လိုက်မပို့ရင်ချော့မရအောင်ငိုပစ်မှာနော်"
"ချော့မရအောင်တော့ မငိုပါနဲ့ ကိုယ်တကယ်လိုက်ပို့မယ်နော် ကတိပေးတယ်"
"ပြီးရော အဲ့ဆိုအခုဗိုက်လေးလို့အိပ်လိုက်ဦးမယ်"
"အိပ်နော် ကိုယ်မနှောက်ယှတ်တော့ဘူး"
"ဒါနဲ့ ခဗျားကြီးကဘယ်သွားမှာလဲ ဒီမှာမနေဘူးလား"
"ခဗျားလို့မခေါ်ပါနဲ့ အရမ်းတစိမ်းဆန်လွန်းတယ်"
"ဘယ်လိုခေါ်ကမှာလဲ"
"အရင်အတိုင်းပဲခေါ်"
အရင်အတိုင်းပဲခေါ်ဆိုတဲ့ စကားကြောင့် taeခေါင်းကုတ်ကာတွေးမိသည်က အိမ်မက်ထဲမှာအမြဲကြားနေကျ jeonဆိုတဲ့ နာမည်လေး......
"J..Jeon"
"အင်း အဲ့တိုင်းခေါ်နောက်ဆို မင်းခေါ်တဲ့အဲ့နာမ်စားလေးကိုကိုယ်အရမ်းသဘောကျတယ်"
YOU ARE READING
အတိတ်ဘဝ❦နဲ့ချစ်ကြိုးသွယ်🕊.⋆{Og}
Fiksi Penggemarဒီပုံစံလေးကို ရေးဖို့တောင်းဆိုတဲ့ ဒါဒါလေးလည်း သဘောကျနှစ်သက်မယ်လို့မျှော်လင့်ပါတယ်။ပထမဆုံးဖြစ်တာကြောင့် အသုံးအနှုန်းမသိတာနဲ့ ဖတ်ရအဆင်မပြေဖြစ်တာမျိုးလေးကိုသည်းခံပေးပါရှင့်...တချို့အသုံးအနှုန်းတွေကိုသိပ်မသိတာကြောင့် အခုခေတ်တိုင်းသုံးမိရင်လည်းနားလည်ပေးပ...