Part ~ 5 🕊️

128 17 0
                                    

Unicode ~~~

နိုးလာလို့ ထထိုင်လိုက်ချိန် ရောက်နေတဲ့ နေရာက ကိုယ်သိတဲ့နေရာမဟုတ်ဘူးဆိုတာ Tae သေသေချာချာသိနေခဲ့သည်။

ငါဘယ်ရောက်နေတာလဲ ပြီးတော့အခု ငါထိုင်နေတဲ့ ဒီဖန်အိမ်ကိုငါမြင်ဖူးနေသလိုပဲ ဘယ်မှာမြင်ဖူးတာပါလိမ့်။

Taeလည်း တစ်ယောက်ထဲထိုင်တွေးရင်း နောက်ဆုံးသူသိလိုက်ရတဲ့အဖြေကြောင့် မျက်လုံးကအလိုလိုပြူးကျယ်သွားတော့သည်။

"ငါ..မဟုတ်မှ ငါအခု ရုပ်ပြပန်းချီထဲရောက်သွားတာလား မဖြစ်နိုင်တာ"

Tae လည်း ဖန်အိမ်ရဲ့ပတ်ပတ်လည်နဲ့ အခန်းတွင်းအပြင်အဆင်တွေကြည့်ပြီးမှ သူလက်မခံချင်လည်းလက်ခံရတော့မည်။

ဘာလို့ဆို သူဟာတကယ်ပဲ ရုပ်ပြပန်းချီထဲကနောက်ဆုံးရုပ်ပြပန်းချီကိုထိပြီး သူကအခုထိုပန်းချီထဲကို ရောက်နေသည်ဆိုတာ သူကောင်းကောင်းသိလိုက်သောကြောင့် မျက်နှာလေးကရှုံ့တွန့်သွားတော့သည်။

"အဲ့ဆို ငါဘယ်လိုပြန်သွားရမှာလဲ တသက်လုံးပြန်လို့မရတော့ဘူးလား ဟင့်ဟင့်"

Taeတွေးရင် ငိုချင်နေတဲ့စိတ်ကိုတင်းကာ ဖန်အိမ်ထဲကထွက်ဖို့ပြင်တော့ အခန်းတံခါးကဝုန်းကနဲပွင့်လာတာကြောင့် ထဖို့လုပ်နေတဲ့ taeတစ်ယောက် လန့်ကာဖင်ထိုင်ရဲ့ပြန်ကျသွားသည်။

တံခါးကိုဝုန်းကနဲဆွဲဖွင့်လိုက်သူစီအကြည့်ရောက်သွားချိန်မှာ သူလည်းအံ့ဩသွားသလို တံခါးကိုဖွင့်ပြီးမဝင်လာပဲ တံခါး‌‌ေရှ့မှာတင်မတ်တပ်ကြီးတုပ်တုပ်မှမလှုပ်တဲ့သူကလည်းသူ့ကိုစိုက်ကြည့်လျက်သား။

"H... hello အယ် မဟုတ်သေးဘူး hi"

Taeလည်း ဘယ်လိုနှုတ်ဆက်ရမှန်းမသိတာကြောင့် ခေါင်းကိုသာတဗြင်းဗြင်းကုတ်နေမိသည်။

"ကင်(မ်)ထယ် ကိုယ့်ရဲ့ထယ်"

"ဟမ် ဘယ်...ဘယ်သူ့ကိုခေါ်နေတာလဲ"

"ကင်(မ်) ကိုယ့်ရဲ့ကင်(မ်) ပြန်သတိရလာခဲ့ပြီပေါ့ ကိုယ်စိတ်ထဲထင်နေခဲ့တာ ကင်(မ်) ကိုယ့်စီသေချာပေါက်ပြန်လာမယ်ဆိုတာ ကိုယ်သိ‌တယ်"

အတိတ်ဘဝ❦နဲ့ချစ်ကြိုးသွယ်🕊.⋆{Og}Where stories live. Discover now