"မင်းကအသစ်လား""ဟုတ်တယ်ဗျ"
"အော် ဆရာဦးကြည်သာဦးသားမလား မြင်တော့မြင်ဖူးတယ်"
"ဟုတ် ဟိုးရက်ကတစ်ခါလိုက်လာဖူးတယ်"
"အော်ဒါနဲ့အသက်ကရော"
"အာ အသက်က၁၃ပြည့်ပြီးသွားပါပြီ"
"အော်အကိုထက်ငယ်တာပေါ့"
"ဟင်"
"အကိုက ၁၉ရှိပြီ"
အခု နွေဦးနဲ့စကားပြောနေတဲ့သူကတော့ ဘုန်းမြတ်သီဟ ဆိုသူဖြစ်ပါသည်။သူက အသက်ကသာ၁၉နှစ်ပေမဲ့ လုံးဝမထင်ရပါဘူး။အဓိက ကတော့အရပ်ပါ။နွေဦးနဲ့သိပ်တောင်မကွာပါဘူး။ထိုကြောင့် နွေဦးလေးဟုတ်ကောဟုတ်ရဲ့လာဆိုကာ
"ဟင်"
"မဟင်ပါနဲ့တကယ့်"
"ဟိုမထင်ရဘူးနော်အကိုက"
"ဘယ့်ထင်ရမလဲ အကိုကနုတာကို"
"ဟုတ်ပါဘူး အကိုရဲ့ အကိုကအရပ်ပုနေလို့ပါ"
"ဟ!! ပြောရက်လိုက်တာကွာ"
"ဆောရီးနော် သားကစတာပါ"
"အေးပါကွာ..."
ဘုန်းမြတ်သီဟလဲ ပြောစရာကိုပျောက်သွားပါသည်။မည်သူမှသူ့ကို အရပ်ပုလို့ မထင်ရတာလို့မပြောဖူးပါဘူး။ဒီကလေးက တကယ့်ကောင်ပဲ။တွေးနေတုန်း
"နွေဦးလွှာ!!!!!!"
"ဗျာ!!!"
ဆရာဇော်မှ နွေဦးလွှာကို လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။နွေဦးလဲ ဘုန်းမြတ်သီဟကိုနှုတ်ကာပြေးသွားလိုက်သည်။
"ဗျာဆရာ့"
"သား ကွင်းထဲဝက်ဆော့မလား"
"ဗျာ.."
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?။နွေဦးကွင်းရောက်တာမှ ၁ပတ်လောက်ရှိသေးတယ်လေ တန်းပြီး ကွင်းထဲဝင်ခွင့်ရတာလား။ဆရာ့သားမလို့အခွင့်အရေးပေးနေတာလား။
စသဖြင့်နွေဦးတွေးမိပါသည်။မည်သို့ဆို ဘောလီဘော စည်းကမ်းအရ အသစ်ဝင်လာတဲ့သူဆိုရင် လပိုင်းလောက်အပြင်မှာလေ့ကျင့်ပြီးမှသာ ဆရာများကဝင်ခွင့်ပေးတက်ပါသည်။အခုကျ ၁ပတ်လောက်နဲ့နွေဦးကို ဝင်ဆော့ရန်ပြောနေလေသည်။နွေဦးအံသြတာမဆန်းပါဘူး။