Part 4 (U&Z)

1K 41 5
                                    


.......
.......

"မေမေရယ်လုပ်ပါ ပြိုင်ပွဲလိုက်ချင်လို့..နော်"

အခုဟာကတော့ နွေဦးလွှာပြိုင်ပွဲလိုက်ရဖို့ မိခင်ဖြစ်သူကို ပူဆာနေခြင်းဖြစ်လေသည်။မိခင်ဖြစ်သူကလဲ နွေဦးက တစ်ယောက်ထဲခရီးမထွက်ဖူးတာကြောင့် စိတ်မချဖြစ်နေသည်။

"မေမေ စိတ်မချဘူး"

"အာ...ဘာလို့လဲ သားကယောကျာ်းလေးပါမေမေကလဲ"

"အဲတာကတော့...."

"ဗြဲ.....အီးးးးးဟင့်...လုပ်ပါသွားချင်လို့ပါဆို...မေမေ..."

"ဟော အေအေ သွားသွား"

နွေဦးလွှာငိုပြီးပြောမှ မိခင်ဖြစ်သူက လွှတ်တော့သည်။ ပြိုင်ပွဲက ၁၆ရက်နေ့စမှမို့ နေဦးတို့က ၁၁ရက်နေ့တည်းကသွားရမှာပါ။အခုကတော့ ချောက်မှာပဲ ကန့်သွားရအုံးမည်။နွေဦးလဲ အပျော်လွန်ကာ ကိုကြီးဘုန်းမြတ်သီဟကိုပြောလိုက်သည်။ဘုန်းမြတ်သီဟလဲ နွေဦးလိုက်ရကြောင်းသိတော့ပျော်ရွှင်သွားသည်။အခုတော့နွေဦးစိတ်လှူပ်ရှားနေတာက သူရင်ကလူရော လိုက်မှာလား သူကလိုက်ကိုလိုက်လောက်မှာပါ။ထိုလူနဲ့ကားတူတူစီးဖူးချင်လိုက်တာအခုတော့စီးခွင့်ရတော့မယ်။စသဖြင့်အတွေးများကို ဘုန်းမြတ်သီဟအားပြောပြနေသည်။

....
....

"ကဲအားလုံးလာကြ"

ဆရာဇော်ခေါ်ပါပြီ နွေဦးတို့လဲသွားလိုက်ကြရသည်။ထိုအခါဆရာက ပြိုင်ပွဲအကြောင်းစပြောသည်။

"လိုက်မယ်သူတွေက ဆရာကြည်သာဦးစီကိုစာရင်းသွားဝင်လိုက်ကြ"

"ဟုတ်ကဲ့ပါ"

အကုန်လုံးညီညာစွာဖြေကာ ဆရာကြည်သာဦးရှေ့ကို စာရင်းပေးရန်ရောက်လာကြသည်။
လူစာရင်းလဲကောက်ပြီးတော့ ဆရာဇော်မှထပ်မံခေါ်ကာလိုအပ်တာတွေပြောပြလာသည်။

"ကဲ စာရင်းရပြီဆိုတော့ ပြိုင်ပွဲသွားရင်ဘာတွေလိုလဲဆရာပြောပြမယ် တစ်ကိုယ်ရည် ပစ္စည်းတွေအနေက ဆပ်ပြာ၊ဖလာကရေချိုးဖို့နောက် ခေါင်းအုံး စောင် ခြင်ထောင်ကတော့ ကိုယ်သူငယ်ချင်းနဲ့ကိုယ် ညှိယူကြနော် ပိုက်ဆံက ကျ ဟိုရောက်ရင် အားကစားမူးအသီးသီးကနေ ဖိနပ်ဖိုး ထပ်ပေးလိမ့်မယ် နားလည်လား"

♡︎ 𝑪𝒓𝒖𝒔𝒉 ♡︎Where stories live. Discover now