Part 5(U&Z)

904 31 3
                                    

နေ့လည် နွေဦးတို့ နေ့လည် စာ စားသွားဖို့ နည်းပြကပြောလာသည်။နွေဦးကတော့ တေဇနဲ့ တွေ့ရပါ​​ေစဆုတောင်းနေရသည်။ တကယ်လဲ ဆုတောင်းပြည့်ခဲ့ပါသည်။ ပုံမှန်ဆို အသင်းတွေက ထမင်းစားချိန်သိပ်မတူပါဘူး။ တစ်သင်းပြီးမှတစ်သင်းစားကြရတာပါ။အခုတော့ နွေဦးတို့ မြိုင်အသင်းနဲ့ တေဇတို့ ပေါက် အသင်းကတူတူ ထမင်းစားနေရသည်၊ နွေဦးကတော့ အပျော်ကြီးပျော်နေတာပေါ့။ တူတူစားရတဲ့အပြင် တေဇနဲ့ နွေဦးက မျက်နှာ ချင်းဆိုင်ထိုင်စားရသည်။နွေဦးရင်ထဲမှာတော့ ပန်းတွေ ဝေဝေဆာဆာပွင့်ဖူးနေတာတော့အမှန်ပါ။ထမင်းစားနေတဲ့ချိန်လေးတောင် အမြန် မ ပြီးချင်တော့ဘူး။

ထိုအချိန်မှာပဲ ဟင်းချပေးတဲ့ ဦးလေး နွေဦးတို့ ဝိုင်းကို ဟင်းလာချပေးသွားသည်။အဲထဲကမှ တေဇက အရွက်ကြော်ဟင်းခွက်ကိုပဲ လှမ်းစား နေတာမလို့ နွေဦးလဲ မနေနိုင်စွာ အရွက်ကြော်ဟင်းခွက် ကို တေဇရှေ့ကို တိုးပေးလိုက်ပြီး။တေဇ ရှေ့က ငပိချက်ဟင်းခွက်ကို သူ့ဘက်ကိုဆွဲလိုက်သည်။ထိုအချိန်မှတေဇလဲ စားနေရင်းကခေါင်းမော့လာကာ နွေဦးကို

"အရွက်ပဲစားခိုင်းတော့တာလား"

ဟုပြောင်နောက်နောက်မေးလိုက်သည်။မည်သို့ဆို နွေဦးက ငပိချက်ဟင်းခွက်ကို သူ့ရှေ့ ယူလိုက်ပြီး။ တေဇ လှမ်းလှမ်း ယူနေတဲ့ အရွက်ကြော်ဟင်းခွက်ကို တေဇရှေ့ထားလိုက်တော့ တစ်မျိုးတွေးရင် အရွက်နဲ့ပဲစားဆိုတဲ့ပုံစံမျိုးဖြစ်သွားခြင်းဖြစ်သည်။နွေဦးအပြင် တူတူစားနေတဲ့သူတွေပါ ရယ်ကြတော့သည်။ဘုန်းမြတ်သီဟကလဲ နွေဦးကို ကြည့်ကာ အားရပါးရ ရယ်နေသည်။နွေဦးလဲ ရယ်ကြဲကြဲနဲ့ပဲ

"မဟုတ်ပါဘူး အကိုက အဲအရွက်ကြော်ပဲလှမ်းယူနေလို့ မမှီဘူးလားလို့ လဲပေးတာပဲ ရော့ ဒီငပိချက်ပြန်ယူရင်ယူ"

"အဲလိုပြောတာမဟုတ်ပါဘူးအကိုက မသိလို့ပါ"

"ဟားးးးဟားးခွီးး"

အခုထိရယ်လိုမပြီးသေးတာကတော့ ဘုန်းမြတ်သီဟနဲ့လွင်ထူးအောင်ပဲဖြစ်ပါသည်။နွေဦးလဲ စိတ်ပေါက်ပေါက်နဲ့

"ရယ်နေကြအဲမှာပဲ အရယ်လွန်ပြီး မာရကီးယားသွားကြအုံးမယ်!"

"ခွီး.."

♡︎ 𝑪𝒓𝒖𝒔𝒉 ♡︎Where stories live. Discover now