Part 7 (U&Z)

699 23 3
                                    


.....
....

နွေဦးတို့ကွင်းရောက်ပြီးမကြာပါဘူး။
တေဇတို့အသင်းလဲရောက်လာသည်။
သို့ပေမဲ့နွေဦးကတေဇကို တစ်ချက်ကလေးတောင်မကြည့်ဘူးလေ။
အမှန်ကတော့ မကြည့်မိအောင်နေ နေတာပေါ့။
တော်ကြာမှကိုယ်ကြည့်နေတာကို အောင်လံအသင်းက မိန်းမလှလေးတွေသိသွားရင်သူ့ကိုဝိုင်းပြီးအမြင်ကပ်နေမှဖြင့်။

"ဟျောင့်! နွေဦး ဟိုမှာ တေဇလင်းရောင်ပါ့ရော မမြင်ဘူးလား"

လွင်ထူးအောင်ကနွေဦးအနားကပ်ကာ မေးလိုက်သည်။
နွေဦးကလဲ ခေါင်းငြိမ့်ပြကာ အေးအေးလေးနဲ့

"အွန်း သိတယ်လေ အဲ့ဘာလုပ်ရမှာလဲ"

"ဟ! အရင်ကဆို တေဇလင်းရောင်ကိုမြင်ရင် မျောက်အုန်းသီးရတဲ့အတိုင်းဖြစ်နေတဲ့မင်းကအခုကျ.."

လွင်ထူးအောင်စကားမဆုံးသေးခင်ပဲနွေဦးကဖျတ်ပြောလိုက်သည်။

"အဲ့ကအရင် အခုကအခု That was long long ago ok"

"သေနာ စကားပြောရင် ​မြန်မာလို့ပြော ဗိုလ်လို လာလာမပြောနဲ့ မင်းပထွေးက ဗိုလ်လိုမတက်ဘူးဟ!"

"သင်ပေးမယ်လေ ငိငိ"

"သေနာလေး မင်းတော့သေတော့မယ်နော်"

"လာလေ သတ္တိရှိရင်လာလာ"

အဲတာနဲ့ပဲ နွေဦးနဲ့လွင်ထူးအောင် အချင်းချင်းရိုက်ကြပုတ်ကြ ဆော့နေလေသည်။

တစ်ဘက်မှာတော့

"ငါ့ကိုကျမကြည့်ဘူး ဟိုကောင်နဲ့ကျဆော့နေတာ သူငယ်ချင်းတဲ့ယုံချင်စရာမရှိဘူး ဟိုကောင်တွေပြောတော့ငါ့ကို ခနခနကြည့်နေတာတဲ့ အခုကျငါ့ကို ရှိတယ်လို့တောင်မထင်ဘူးထင်တယ်"

........
........

"ဟူးး ညောင်းတာကွာ အဆောင်နဲ့ ကွင်း သွားရတာနဲ့တင်အသက်ထွက်တော့မယ် ဂီ.."

အဆောင်ကိုအပြန် ညည်းညူးနေသော နွေဦး၏အသံဖြစ်သည်။ဒါတင်မပါပဲ သေချင်ယောင်တောင်ဆောင်ပြလိုက်သေးသည်။

"မင်းကလဲငါတို့လဲတူတူသွားရတာပဲကို "

"ဟ တူမလား ငါကအိမ်မှာဆို အငယ်ဆုံး မျက်ခုံးမွှေးမီးမလောင် မျက်တောင်မွှေးမီးမလောင်အောင်နေရတာကွ"

♡︎ 𝑪𝒓𝒖𝒔𝒉 ♡︎Where stories live. Discover now