"ကဲ အမြန်လုပ်ကြပါ မင်းတို့တွေကြာလိုက်တာကွာ
နှေးတိနှေးတုံနဲ့ကွာ ဆရာအရှေ့ကစောင့်မယ်"ဒုတိယမြောက်ရက်မှာ ထရိန်းနီ စဆင်းရတော့မည်။
သို့ပေမဲ့ နွေဦးလွှာကတော့ သူ့၏ခြေအိတ်ပျောက်ဆုံးနေတာကြောင့် အထုတ်အိတ်ကြီးထဲ ရှာဖွေနေရတော့သည်။
လွင်ထူးအောင်က" ဟျောင့် မင်းအခုထိရှာမတွေ့သေးဘူးလားဟ"
နွေဦးက အိတ်ထဲခေါင်းစိုက်ထားရင်းမှ ထွက်လာကာ
ဆူပုတ်ပုတ်မျက်နှာဖြင့်"ရှာနေတာပဲ ဘယ်ရောက်သွားလဲမသိဘူး"
ဘုန်းမြတ်သီဟကလဲ မနေနိုင်တော့လို့
"မင်းအိမ်မှာကျန်ခဲ့တာဖြစ်နေအုံးမယ် "
အဲအချိန်မှနွေဦးလဲ ကမန်းကရမ်း ထွက်လာကာ
"အေးဟုတ်သား မေမေ့စီ ကို ဆက်ကြည့်လိုက်အုံးမယ်"
ဖုန်းကိုသွားယူကာ "ချစ်သောမေမေ💐" ဟုမှတ်ထားသော ဖုန်းနံပါတ်လေးကို နှိုပ်လိုက်သည်။
မိနစ်ပိုင်းအကြာ နွေဦး မျက်နှာမဲ့မဲ့ဖြင့်သာ အဆောင်ထဲပြန်ဝင်လာသည်။
ဘုန်းမြတ်သီဟနဲ့ လွင်ထူးအောင်ကလဲ ဘာတဲ့လဲဆိုသည့်ပုံစံဖြင့် မေးငေါ့ပြသည်။
နွေဦးလဲ"ဟုတ်တယ်တဲ့ အိမ်မှာကျန်ခဲ့တာ ဟူးးး ထရိန်းနီ ဘယ်လိုဆင်းရပါ့မလဲ ခြေအိတ်မပါရင် ဆရာကဆူမှာ"
"မင်းကလဲကွာ အဲလောက်ကြီး စိတ်မပူပါနဲ့ ဒီနေ့တစ်ရက် ဆရာကိုပြောကြည့်ကွာ ထရိန်းနီ ဆင်းပြီးရင်ငါတို့တွေ ခြေအိတ်သွားဝယ်မယ်လေကွာ"
ဘုန်းမြတ်သီဟက နွေဦးကိုနှစ်သက်ပေးလာသည်။
"ကဲ အဆောင်ထဲက အဖေတို့ မပြီးနိုင်ကြသေးဘူးလား!!!"
ဒါကတော့ ဆရာက ကြာနေလို့ လှမ်းအော်လိုက်ခြင်းဖြစ်သည်။နွေဦးတို့လဲဆရာ့ကိုကြောက်ကြတာကြောင့်အလျှင်အမြန် အပြင်ကိုထွက်လာခဲ့ကြရသည်။
အပြင်ရောက်ဆိုနွေဦးလဲ ဆရာနားကသွားလိုက်ကာ"ဆရာ..."
"ဝေ့ ပြော နွေဦး"
"ဟိုသား..ခြေအိတ်အိမ်မှာကျန်ခဲ့ ဒီမနက် ထရိန်းနီမှာ ခြေအိတ်ဝတ်စရာမရှိဘူး ဒါပေမဲ့သား ထရိန်းနီ ဆင်းပြီးရင် သွားဝယ်မှာပါနော်"
![](https://img.wattpad.com/cover/366857239-288-k801582.jpg)