သာယာသောသကြန်နားနီးမနက်ခင်းလေးတစ်ခုမှာ....
"မင်းလက်ထပ်ရမယ် နွေဦးလွှာ!!"
"ဗျာ!!!"
"အေမဗျာနဲ့!! မင်းလက်လပ်ရမယ်!!!လက်ကိုလက်ထပ်ရမယ်!!!မင်းမှာဒီကိစ္စနဲ့ပတ်သက်ပြီးငြင်းခွင့်လဲမရှိဘူး!!!"
"ဖေဖေ!!!"
"ဘာအပိုစကားမှငါမကြားချင်ဘူး နွေဦးလွှာ!!!"
ဆိုကာနွေဦးလွှာရဲ့ ဖခင်ဖြစ်သူ ဦးကြည်သာဦးဟာ နွေဦးကိုလက်ထပ်ရန်ငြင်းခွင့်မရှိကြောင်းပြောလာသည်။နွေဦးကတော့အမေဖြစ်သူ ဒေါ်ဟေမာန်ဆောင်းကို အကူအညီတောင်းသောမျက်လုံးလေးတွေဖြင့်လှမ်းကြည့်ပေမဲ့မိခင်ဖြစ်သူကသူ မကယ်နိုင်ကြောင်းခေါင်းရမ်းပြကာ
"သား ဒီတစ်ခါတော့မေမေလဲမကယ်နိုင်ဘူး သားဖေဖေစီစဥ်တာကိုလက်ခံလိုက်ပါကွယ်ပဲပြောနိုင်တယ်သားရေ့"
"ဟာ"
နွေဦးအဲစကားတစ်လုံးပဲပြောနိုင်တော့ပါသည်။
"ဒါဆိုလဲ ဖေဖေဘယ်ကောင်မလေးကိုလက်ထပ်ရမှာလဲတော့ပြောပြ"
"မင်းလက်ထပ်ရမှာကောင်မလေးမဟုတ်ဘူး!!ယောကျာ်းလေးကွ!!!"
"ဗျာ!!!!ဖေဖေ!!!"
"မဖေနဲ့!!"
"သူကဘယ်သူလဲ!!သားလက်မထပ်နိုင်ပါဘူးဗျာယောကျာ်းချင်းကို!!
"မင်းကိုငြင်းခွင့်မရှိဘူးလို့ငါပြောပြီးသာနွေဦးလွှာ!!!!"
"ဒါပေမဲ့..."
"ငါပြောလို့မပြီးသေးဘူး!!!"
"..."
"မင်းလက်ထပ်ရမဲ့သူက တေဇလင်းရောင်ပဲ"
"ဗျာ!!!အဲလူဆိုပိုတောင်လက်မထပ်ချင်သေးဖေဖေရာမလုပ်ပါနဲ့"
"မရတော့ဘူးသား မေမေတို့လက်ခံလိုက်ပြီးသားလဲငြင်းလို့မရတော့ဘူး"
နွေဦးငိုချင်လာသည်အဲလူကိုတော့သူလက်မထပ်နိုင်ပါ။တကယ့်ကိုလက်မထပ်နိုင်ပါ။
တွေးရင်းပဲအခန်းထဲပြေးဝင်ကာခေါင်းအုံးပေါ်မျက်နှာနစ်ထားကာငိုနေရလေသည်။"အီးးဟင့် ဘာလို့အဲလူလဲဟင့်တခြားသူမရှိတော့ဘူးလားအီးဟင့်သားအဲလူကိုလက်မထပ်နိုင်ဘူးဟင့်"