<Intro>

588 9 0
                                    

ဘယ်သောအခါမှ 🌿

" မင်းစဥ်းစားကြည့်စမ်းပါ ကွာ... ငါ သူ့ကို ဘယ်သူနဲ့မှမတူအောင် ချစ် ချစ်ပေးခဲ့တာကွ၊ သူအသိဆုံး... ငါ့မှာ သူ့ကြောင့် ခံစားတတ်လာတယ်ဆိုတာ သူမယုံရင်တောင် မင်းတော့ ယုံတယ်မလား ဟမ် ယုံတယ်မလား ယုံပေးယုံပေး... စမ်းပါကွာ... အေ့... ငါ့ရင်ဘက်ကြီး ဗလာနတ္ထိဖြစ်နေပြီကွ၊ မင်းကိုယ်ချင်းစာပေးနိုင်တယ်မလား... ဟမ် မင်းပြောတော့ ငါ့ဘက်မှာ အမြဲရှိနေပေးမှာပါဆို ငါသူ့ကို အရမ်းချစ်တာ သောက်ရမ်း သောက်ရမ်းချစ်တာကွ ရည်းစားတွေအကုန်လုံးထဲမှာမှ အချစ် ... အချစ်ဆုံး ကွာ... အေ့ ဒါကို သူက သူက.... " 

စကားပင် ဆုံးအောင်မပြောနိုင်ဘဲ ပြိုလဲကျသွားသည်က မျက်လုံးဝိုင်းတို့ဖြင့် သူပြောသမျှနားထောင်ပေးနေသည့် ရင်ခွင်နုနုတစ်စုံသို့... ။ ပကတိငြိမ်သက်သွားတာ သေချာမှ ပင့်သက်ပြင်းပြင်းကို ရဲဝင့်စွာချလိုက်တော့သည်။ သူခေါင်းတင်မှီထားသည့် ဘယ်ဘက်ရင်အုံက နာသည်။ ဒဏ်ရာမပေါ် လက်သည်မပေါ်ပါဘဲ တဆစ်ဆစ်မြည်သံကို တုန်ဟီးစွာကြားရလျက် ကိုယ့်ဘာသာ ရှက်ရွံ့တုန်လှုပ်မိနေ၏။ သို့လင့်ကစား သည်နာကျင်မှုကို ခဏမျှ ထွေးပွေ့ယုယထားချင်မိသည်။ သည်နာကျင်မှုကပဲ သူမအတွက် အောက်ဆီဂျင်။ လိပ်ပြာမလုံစေဦးတော့ တစ်စက္ကန့်မျှ ပိုင်ဆိုင်ထားလို၏။ တစ်စက္ကန့်မျှ... ။

°•°•°•°•°•°

" ဒီကိစ္စတွေအားလုံး မြစ်ဖျားခံရာက မင်းဆီကကို မင်းဆီကလာခဲ့တာကိုး... ဟမ် ပြောစမ်း မင်းငါမသိအောင် ဘာတွေလုပ်ထားလဲ ပြော အခုပြော "

" ဟင် ခင်းကြောင့်တဲ့လား ခင်းဘာများလုပ်မိလို့လဲဟင် "

" ဟာ စကားပြောရင် မျက်ရည်လေးစမ်းစမ်းနဲ့ လာပြီးပန်းနုသွေးမနေနဲ့ ငါစိတ်မရှည်ဘူးနော် "

" တကယ် ခင်းဘာမှလုပ်မထားပါဘူး... တိုင်တည်ပြီးပြောရဲပါတယ် ခမ်းရယ်... ခမ်းစိတ်အနှောင့်အယှက်ဖြစ်စေမယ့်အရာဆို မြူတစ်မှုန်လေးကအစ ဆင်ခြင်သူပါ အခုလည်း ခင်းဘာမှမလုပ်ဘူး၊ ခမ်းဘာဖြစ်စေချင်လဲ တစ်ခွန်းပဲ ပြောလိုက် နာခံမယ့်သူပါ နော် "

ဘယ်သောအခါမှ 🌿🌿Where stories live. Discover now