part-2

137 4 2
                                    

ဘယ်သောအခါမှ 🌿

အပိုင်း(၂)
....................

" နေ့လည်နေ့ခင်း တစ်ခုခုသောက်နေကြဆိုတော့ အချိန်ကျလာရင် အမြဲသောက်ချင်နေတော့တာပဲ "

" ဟုတ်တယ် budget လည်းကြည့်ရသေးတယ်ဟ လကုန်ခါနီးရင် မီးနီက ပြချင်နေပြီ "

" ကော်ဖီလေးတစ်ခွက်ကို ခင်းရယ်... ငါလှမ်းမှာလိုက်မယ်လေ နော် "

" နင်တိုက်မယ်ပေါ့ ဟုတ်လားစံစံ "

" အနာမ ရတယ်လေ... ငါ့သူငယ်ချင်းကို ကော်ဖီတစ်ခွက်တော့ သဒ္ဓါပါတယ် "

" ယေးးး "

ကလေးလို လက်ခုပ်လက်ဝါးတီးမတတ် ပျော်ရွှင်ပြလိုက်မိသည်။ စံစံက မှာနေကျ ကော်ဖီဆိုင်ကို ဖုန်းဆက်ပြီး လှမ်းမှာ၏။ နားနေချိန်မို့ ဆိုင်မှာ လူရှင်းသော်လည်း အချင်းချင်း စကားပြောဆိုသံများဖြင့် ဆူဆူညံနေတော့သည်။

" အရှေ့မှာ delivery ရောက်နေတယ်ဟေ့ ဘယ်သူကော်ဖီမှာထားလဲ "

" လာပြီ လာပြီ "

အသံကြားလို့ ခင်းအပြင်ထွက်ယူတော့ မှာထားသည်များမဟုတ်။

" မှာထားတာတွေလည်း မဟုတ်ဘူး... ဧကန္တ မှားပို့တာထင်တယ် "

" မဟုတ်ပါဘူးခင်ဗျ ဒီဆိုင်လိပ်စာနဲ့ပဲ မှာထားတာပါ ပိုက်ဆံလည်းရှင်းပြီးပါပြီဗျ "

" ဟင် ဒါဆို လှမ်းမှာတဲ့ဖုန်းကို တစ်ချက်ပြန်ဆက်မေးကြည့်ပေးလို့ရမလားဟင် အားတော့နာပါတယ် "

" ရပါတယ် "

အမှာလာပို့ပေးသည့် ကောင်လေးက ဖုန်းနံပါတ်ပြန်ရှာပြီး ဆက်ပေးရှာသည်။

" မကိုင်ဘူးခင်ဗျ... ဟို မနက်ခင်း ဆိုတဲ့ နာမည်နဲ့ပဲ မှာထားတာပါ၊ အဲ့နာမည်နဲ့ ဒီဆိုင်မှာရှိလားမသိဘူး "

" ရှိပါတယ် "

" ဟုတ် အဲ့ဆို ယူထားလိုက်ပါ ကျွန်တော်သွားပြီနော် "

" ဟုတ် ဟုတ်ကဲ့ "

သူမနာမည်နဲ့ မှာထားသည်ဆိုပဲ။ ဘယ်သူများပါလိမ့်။ စိတ်ထဲထင့်သွားသော်လည်း ဒီတိုင်းပဲ ယူလာခဲ့တော့သည်။

ဘယ်သောအခါမှ 🌿🌿Where stories live. Discover now