part-12

118 6 0
                                    

ဘယ်သောအခါမှ 🌿🌿

အပိုင်း(၁၂)
.........................

စျေးမှပြန်ရောက်လာပြီးသည်နှင့် ဆွဲခြင်းလေးချပြီး ဝယ်ခြမ်းလာသည်ကို ရေနဲ့ဆေးကြောပြီး ကြက်သားကို စွပ်ပြုတ်လုပ်ရန် အတုံးသေးများ လှီးခုတ်ပြီး ချက်ပြုတ်ဖို့ ပြင်ဆင်ကာ ဂတ်စ်မီးဖို၌ ဆီထည့်မီးဖွင့်ပြီး စတင်ချက်ပြုတ်သည်။ ဒီရက်တွေ သူမဟင်းမချက်ဖြစ်တော့ အိမွန်လည်း အပြင်စာတွေ ဝယ်စားနေရရှာမှာ။ အိမွန်အတွက်လည်း ပိုသည့်ကြက်သားတွေနဲ့ ဆီပြန်ဟင်းတစ်ခွက် ချက်ဖြစ်သည်။ ဂျင်းများများ ကြက်သွန်ဖြူဖြူများများနဲ့ ဆီသတ်တာမို့ စားလို့မကောင်းမှာမပူရ။ မေမေ့အတွက် စွပ်ပြုတ်မှာလည်း ကြက်သွန်ဥနဲ့ဂျင်းတွေကို တစ်ပြားရိုက်ပြီး ထည့်၏။ အနံ့နဲ့တင် စားချင်စဖွယ်မို့ ချက်ပြုတ်နေရင်း ပြုံးမိသေးသည်။

ချက်ပြုတ်နေရင်း ချွေးတွေအိုက်လာသည်မို့ ရေပြေးချိုးချင်စိတ်တောင် ဖြစ်ရသည်။ သို့သော် ကိုယ်ပူကမကျသေး။ စိတ်ဆောင်နေလို့သာ လုပ်ကိုင်နိုင်နေပေမယ့် အဆစ်အမြစ်တွေက ကိုက်ခဲနေဆဲ။

ညနေစောင်းတော့ မေမေက ပြန်လာသည်။ ပေါင်မုန့်နဲ့နွားနို့သောက်ပြီး အခိုးပွင့်ဆေးလည်း သောက်ထားတာမို့ မနက်ခင်း စောင်ခေါင်းမှီးခြုံပြီး ချွေးထုတ်နေရင်းက နားစွင့်မိ၏။ သူမအိမ်မှာရှိနေသည်ကို မေမေသိတော့သိလောက်မှာပါ။ ခဏအတွင်း တစ်အိမ်လုံး တိတ်ဆိတ်သွားသည်။ နောက် မေမေ အနောက်ဘက်ဝင်သွား၏။ ရေလောင်းချသံ ကြားရတာမို့ ရေချိုးတာဖြစ်မည်။ ရေချိုးပြီး အဆင်သင့်စားဖို့ သူမ အပြင်ထွက်လာပြီး စွပ်ပြုတ်နဲ့ထမင်းကို ပြင်လိုက်၏။

မီးဖိုချောင်ထဲ ပြင်ဆင်နေသော သူမကို မေမေက ဖြတ်ကျော်ပြီး အိမ်ခန်းထဲ ပြန်ဝင်သွားသည်။ တော်တော်နဲ့ ပြန်ထွက်မလာခဲ့ချေ။ ဒါကြောင့် မေမေ့အခန်းရှေ့ သွားရပ်ပြီး...

" မေမေ မေမေ... ခင်း ညနေစာပြင်ထားတယ် မေမေစားတော့မလား "

" စွပ်ပြုတ်လေးပူတုန်း စားလိုက်ပါလား... "

" သမီးသေချာချက်ထားတာ မေမေစားကြည့်လို့ မကောင်းရင် အသစ်ပြန်လုပ်ပေးမယ်လေ "

ဘယ်သောအခါမှ 🌿🌿Where stories live. Discover now