part-5

97 3 0
                                    

ဘယ်သောအခါမှ 🌿

အပိုင်း(၅)
....................

ပဲခူးမြို့ရဲ့ နာမည်ကြီး ဟိုတယ်တစ်ခု၌ ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သော ပွဲအခမ်းအနားတစ်ခု။ လုပ်ငန်းရှင်ကြီးများ၊ ဧည့်ပရိတ်သက်များ၊ မီဒီယာများစွာဖြင့် စည်းကားသိုက်မြိုက်လှသည်။ မကြာသေးမီက ဆောက်လုပ်ထားသည့် ကွန်ဒိုတိုက်ခန်းတွဲများ မိတ်ဆက်ပွဲနှင့် လေလံတင်ပွဲပါ ပူးတွဲကျင်းပသည်မို့ ခါတိုင်းပွဲများထက် လူစိတ်ဝင်စားမှုကို အတော်လေးရရှိပိုင်ဆိုင်ထားသည်ပြောရပေမည်။

" ဖြောင်း ဖြောင်း ဖြောင်း "

နံနက် ၉ နာရီမှ စတင်ကျင်းပလိုက်သည်က မွန်းလွဲပိုင်းတွင် အခမ်းနားအောင်မြင်စွာ ပြီးမြောက်သွားသည်။

" Congratulations! My son "

ကမ္ဘာတစ်ခုလုံးက အပျော်တွေ သိမ်းပိုက်ထားသည့်နှယ် ဦးမင်းခန့်ညားရဲ့မျက်နှာသည် သားဖြစ်သူ တည်စေမင်းအပေါ် ဂုဏ်ယူဝင့်ကြွားဟန်အပြည့်ဖြင့်။ ပခုံးအား ဆုပ်ကိုင်ထားသည့် လက်တစ်ဖက်မှာလည်း အားအင်အပြည့် ယုံကြည်မှုအပြည့်ဖြင့်။

" မင်းအတွက် ဒက်ဒီသိပ်ဂုဏ်ယူတယ်သားငယ် "

ဒက်ဒီသည် သားအကြီး သူ့ရဲ့အစ်ကိုဖြစ်သူ မင်းမှတ်တမ်းကိုသာ အစဥ်သဖြင့် ချီးကျူးထောပနာပြုလေ့ရှိသူ။ သူ့အတွက်သည်လည်း ဒက်ဒီနှင့်ကိုကိုသည် ဘဝမှာ စံပြယောကျ်ားကောင်းများဖြစ်သည်။ အခု ဒက်ဒီနှုတ်မှ သူ့အားတည့်တည့်ကြည့်၍ ကိုကို့အား ပြောခဲ့ဖူးသည့် စကားကို ထပ်တူကြားခွင့်ရပြီ။ အခုလို ကြားရဖို့အတွက် သူ့မှာ အချိန်တွေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေးဆပ်ခဲ့ရ၏။ ကိုကိုသည်လည်း ထို့ထက်မနည်း ကြိုးစားအားထုတ်ခဲ့ရမှာပင်။ သူ့လက်ထဲ အင်မတန်တာဝန်ကြီးသည့် project ကို စိတ်ချစွာလွှဲပေးခဲ့သူမှာ ကိုကိုသည်ပင်ဖြစ်သည်။ ယခုပွဲကို ကိုကိုကတော့ ခရီးလွန်နေ၍ မတက်ရောက်နိုင်ခဲ့ပါချေ။

" အခုလို ကျွန်တော့်ပွဲကို ဒက်ဒီတက်ရောက်ပေးတဲ့အတွက် ဂုဏ်ယူလို့မဆုံးပါဘူးဒက်ဒီ... ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ် "

ဘယ်သောအခါမှ 🌿🌿Where stories live. Discover now