part-8

117 2 5
                                    

ဘယ်သောအခါမှ 🌿

အပိုင်း(၈)
.....................

" တူမ ခဏခဏ "

" ရှင် ဟုတ်ကဲ့ "

ဂေါပကအဖွဲ့ထဲမှ ဦးလေးတစ်ယောက်က လှမ်း၍ခေါ်သည်မို့ သူမအူကြောင်ကြောင်လေးဖြစ်ကာ လှည့်၍ကြည့်မိတော့ သူမအားခေါ်နေခြင်းမို့ အနားရောက်သွား၏။

" ဒါလေး... တူမကို ပေးခိုင်းလိုက်လို့ "

" ဟင် ! "

ရုတ်တရက် အဆက်အစပ်မရှိပါဘဲ စက္ကူနဲ့ထုပ်ပိုးထားသည့် အိတ်လေးတစ်ခုကို သူမထံ ကမ်းပေးလာ၏။ ပစ္စည်းလေးက လေးထောင့်မထူမပါးနဲ့ ပေါ့ရွှတ်နေသည်။

" ဘယ်သူ ဘယ်သူကပေးခိုင်းတာလဲဟင် ကျွန်မကိုပေးတာရောဟုတ်ရဲ့လားဟင်ဦးလေး ... "

မျက်လုံးဝိုင်းများဖြင့် ပစ္စည်းကိုကိုင်ထားသည့် လက်တွေက ကတုန်ကယင်နဲ့ပါပဲ။ သူမကိုကြည့်နေသည့် ဦးလေးကြီးသည် ရုတ်တရက် တအံ့တသြ။

" အစောက အလှူထည့်သွားတဲ့ ကောင်လေးက သူ့ကိုလာမေးတဲ့ ကောင်မလေးတစ်ယောက်ရောက်လာရင် ဒီပစ္စည်းလေးသေချာပေးပေးပါဆိုပြီး သေချာကိုပြောသွားတာ တူမရဲ့ သေချာပါတယ် "

" အဲ့လူက ဘယ်လိုပုံစံမျိုးလဲဟင် ပြောပြလို့ရမလား "

" အဲ အဲဒါက လူငယ်တစ်ယောက်ပဲ... တူမနဲ့ရွယ်တူလောက်ရှိမယ်၊ အရှပ်ရှည်ရှည် ကြည့်ကောင်းတယ် "

မနက်ခင်းတွေသွားသည်။ လက်ထဲကပစ္စည်းအား သေချာပြန်ကြည့်လိုက်သေး၏။ မျက်ခုံးကြောလေး တွန့်ခနဲဖြစ်သွားပြီးနောက်
ဦးလေးဘက်ပြန်လှည့်ကာ ...

" ဟို အပြင်မှာတွေ့ရင် အဲ့လူမှန်းသတိထားမိနိုင်လောက်တဲ့ အရာတစ်ခုခုရှိမလားဟင် "

" အဲ ဦးလေးလည်းမပြောတတ်ပါဘူးကွယ် အမှတ်တမဲ့ပဲ ... တူမနဲ့က အပြင်မှာမတွေ့ဖူးဘူးလား "

" ဟုတ်ကဲ့ အဲဒါကြောင့် ဦးလေးသေချာပြန်စဥ်းစားကြည့်ပါဦးနော် ကူညီပါ "

အားကိုးတကြီး အကူညီတောင်းရှာသော မနက်ခင်းကို သနားသွားရှာသည်ထင်။ ဦးလေးက မျက်လုံးတွေမှိတ်၍ ပုံရိပ်တွေကို ပြန်လည်မြင်ယောင်ကာ ပုံဖော်ကြည့်နေသည်ထင်။ ထိုအခိုက် လက်ထဲက စက္ကူအိတ်လေးကို ဖွင့်ဖောက်ကြည့်လိုက်၏။

ဘယ်သောအခါမှ 🌿🌿Where stories live. Discover now