part-3

117 2 0
                                    

ဘယ်သောအခါမှ 🌿

အပိုင်း(၃)
..................

ကော်ဖီရနံ့တွေ လှိုင်လှိုင်သင်းနေသည့် မနက်ခင်း...။ ရောင်ခြည်နုနု ထွန်းလင်းစပြုနေသည့် မနက်ခင်း... ။ ကျေးငှက်သာရကာတွေ အပြိုင်သီကြူးနေသည့် နံနက်ခင်းဝယ်... ။

" မောနင်းမာမီ "

" သားလေး... မောနင်း "

" မွှေးနေတာပဲ မာမီရာ ကော်ဖီမှုန့်က အသစ်ထင်တယ် "

" ဟုတ်တယ်သားရဲ့ ဟိုတစ်ခေါက် ခင့်အိမ်က ပြန်လာတုန်းက လက်ဆောင်ပေးလိုက်တာ၊ အရင်ကော်ဖီမှုန့်တွေ ကျန်သေးတာနဲ့ ခုမှပဲ မာမီဖောက်သုံးကြည့်တာ အနံ့ကတော့ တော်တော်လေးကို စွဲဆောင်တာနော် "

ပြောပြောဆိုဆို မာမီ့ညာဘက်ခြမ်း ကော်ဖီအိုးကို မာမီကိုယ်တိုင်ယူ၍ သူ့ပန်းကန်ထဲ အသာလှမ်း၍ထည့်ပေးသည်။ အနံ့နဲ့တင်် ကော်ဖီတစ်ခွက်သောက်လိုက်ရသလို ပြီးပြည့်စုံသွားသည့် ခံစားချက်။ ပြီးနောက် ရွှင်လန်းကြည်နူးနေသည့် မာမီ့မျက်နှာနုနုလေး။ မာမီ့ပုံစံကလည်း သူ့အားတစ်ခုခုပြောချင်သည့်နှယ်... ။

သူ အကဲခတ်ရင်း ကော်ဖီတစ်ကျိုက်မော့မိတော့ ထွက်ကျလာမည့် စကားလုံးများပါ ကော်ဖီရည်တွေနှင့်အတူ လည်ချောင်းအတွင်း ပြည်လည်စီးဝင်သွားလေတော့သည်။ ပူပူနွေးနွေး ခါးစိမ့်စိမ့်အရသာလေးကြောင့် တစ်စုံတစ်ရာကို သတိရသွားဟန် နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိ၏။

" မာမီ ခင်နဲ့စကားပြောပြီးပြီသား... သမီးလေးမှာ ရည်းစားသနာမရှိဘူးတဲ့ ပြီးတော့... "

" အဟွတ်ဟွတ်... "

နောက်တစ်ကြိမ် ကော်ဖီမော့လိုက်သည်နှင့် မာမီစကားကြားပြီး ကော်ဖီသီးသွားရသည့်အဖြစ်။ တော်သေး ကော်ဖီတွေတောင်ပြန်ထွက်တော့မလို့ပဲ။ စကားမဆုံးသေးသော မာမီက သူ့အား အလန့်တကြားကြည့်လာသည်။

" တကယ်ကြီး မာမီအဲလိုဒဲ့သွားမေးလိုက်တာတော့ မဟုတ်ပါဘူးနော် "

" ဘာကိုလဲ သား "

" ရည်းစားရှိပြီလား ... သားက သဘောကျလို့ အဲဒါဘယ်လိုသဘောရလဲတို့ ဘာတို့ညာတို့ပေါ့မာမီရာ "

ဘယ်သောအခါမှ 🌿🌿Where stories live. Discover now