part-7

103 3 0
                                    

ဘယ်သောအခါမှ 🌿

အပိုင်း(၇)
....................

" ခင်း... နေမကောင်းဘူးလား ခင်း မနက်ခင်း... "

" အမ်! "

ငေးတိငေးကြောင်နဲ့ တုံဏိဘာဝေပုံစံလေးဖြင့် လက်နဲ့ တို့ထိလိုက်ရင် ပြိုလဲကျသွားတော့မလိုဖြစ်နေသည့် မနက်ခင်းရဲ့ အသွင်သည် လူသေကောင်နဲ့ မခြားပြီ။

" နေမကောင်းနေတာမလား လူပုံစံက သိပ်မဟန်သလိုပဲ ပြန်နားလိုက် ဟုတ်လား "

" ဟင် "

အသိစိတ်မကပ်သလိုဖြစ်နေသည့် မနက်ခင်းသည် ကွဲအက်လို့ နှုတ်ခမ်းသားအဖက်လေးတွေ ခြောက်ကပ်ကာလန်နေသည်ကို လျှာဖျားဖြင့်သပ်ရင်း မျက်တောင်နှစ်ချက်ကို အားယူလှုပ်ခတ်လိုက်၏။

" သွား သွား ဆေးခန်းသွားပြသင့်ပြီ အရမ်းအားနည်းနေသလိုပဲ "

စကားသံက နားထဲမရောက်။ လေတွေထွက်နေသလို နားနှစ်ဖက်စလုံး အူနေ၏။ ဒီလောက်ကလေးက အသက်အန္တရယ်ကို ဒုက္ခမပေးနိုင်သေးဘူးပဲ။ ကြိုးစား၍ သတိကပ်မိတော့ ရင်ဘက်က ပြင်းထန်စွာ နာကျင်အောင့်မျက်နေသည်။ ကတ်ကြေးကိုင်ထားသည့် လက်တစ်ဖက်က ဘယ်ညာတုန်ယင်နေ၏။

" ဖုန်းလာနေတယ်လေ ခင်း... အေးပြောတာကြားလား ဟင် "

" ရတယ် "

" ဘာရတာလဲ ခင်းကတော်တော်ခေါင်းမာတာပဲ အဲ့လောက်ခေါင်းမာမယ်မထင်ဘူး ပြန်နားပါဆို "

ဝင်းပပသည် မချင့်မရဲနိုင်စိတ်ဖြင့် ဒေါသသံလေးနဲ့ စိတ်ပူသယောင်ပြောလာသည်။ အရေးထဲ ဖုန်းက ဆက်တိုက်လာနေ၏။ ဆံညှပ်ကိရိယာတွေကို နေရာတကျပြန်ထားနေရင်း ...

" စံစံဆက်တာနေမယ် အေးရေ ဖုန်းလေးတစ်ချက်လောက် ယူပေးပါလား "

" မဟုတ်ဘူး ကိုရာဇာ့ဆီက "

လှမ်းပေးနေသည့် ဖုန်းကို ယူဖို့ပြင်နေသည့် သူမလက်တွေ တွန့်ဆုတ်သွားကြတော့သည်။ ပြီးမှ ဖုန်းကိုယူကိုင်မိ၏။ အေးနဲ့ဝင်းပပသည် သူမရဲ့ ခေါင်းမာအေးစက်စက် အမူအယာတွေအား အားမရစွာဖြင့် ခဏရပ်ကြည့်နေရာမှ အနားကနေ ထွက်သွားကြလေသည်။

ဘယ်သောအခါမှ 🌿🌿Where stories live. Discover now