အပိုင်း ၃

797 72 12
                                    

ထယ်ယောင်းတစ်ယောက် သူအမေနား‌တွင် ကပ်၍ချွဲနေလေသည် ။ အမေ့နောက် တောက်လျှောက်လိုက်ရင်း စကားတွေလိုက်ပြောနေလေသည် ။တစ်ခါတစ်လေ အမေက သူ့စကားတွေထူးဆန်းနေတယ်လို့ ပြောနေလေသည် ။

"အိုမား အဲ့တာနဲ့လေ ထူးဆန်းတဲ့နဂါးကြီးက ကောင်မလေးကို ကြည့်ပြီး ခနကြာတော့ ကောင်လေး ဖြစ်သွားတာတဲ့ နဂါးကြီးက ကျိန်စာမိနေတာ အချစ်စစ်နဲ့တွေ့တော့ လူပြောင်းသွားတာ ။ ပြီးတော့ မင်းသားနဲ့ မင်းသမီးက လက်ထက်လိုက်ရော .. happy ending ဖြစ်ပါတယ် ! *ဖြောင်းဖြောင်းဖြောင်း လက်ခုပ်တီးပါ "

အိုမားက ရယ်ပြီး ကိုယ့်ရဲ့ခေါင်းကို လာပုတ်‌လေသည် ။ သူ့အငွေအသက်တွေ ပုံရိပ်ယောင်ဆိုလည်း ဒီမှာပဲ ထာဝရနေချင်တယ် ။

"ဟုတ်ပါပြီ အိုမားရဲ့ သားငယ်လေး .. အခုတလော ငယ်လေးက ထူးဆန်းနေပေမယ့် အရင်ကထက် အများကြီး ပိုချစ်ဖို့ကောင်းနေတယ် အခုငယ်လေးက မားရဲ့ သားအစစ်ပုံစံပဲလို့ ခံစားနေရတယ် ။ ငယ်လေးက တစ်ယောက်ထဲပဲကို မားက ဘယ်လိုလဲမသိပါဘူးကွယ် "

"သားက အမြဲတမ်း မားတို့ရဲ့ သားပါပဲ "

"ဟုတ်ပါတယ်ကွယ် လိုက်ဦးမလား မားက ဈေးထဲသွားဦးမှာ "

"အွန်းအွန်း လိုက်မယ် သား အဝတ်သွားလဲဦးမယ် "

"ဟုတ်ပြီ "

ထယ်ယောင်း သူ့ရဲ့အခန်းထဲအမြန်ပင်သွားပြီး အဝတ်ဗီဒိုထဲ အဝတ်တွေကြည့်နေလေသည် ။ Hanbok ရိုးရာအဝတ်အစားတွေ အများကြီးပဲ သိပ်လည်းလှပြီး သိပ်လည်း အရည်အသွေးကောင်းသည် ။

"ဝါးး အရမ်းလှတယ် "

(Host !!! )

"အမယ်လေး လန့်လိုက်တာ "

"ဘာမှလန့်စရာမရှိဘူး "

"အခုလို အပြင်ကပြောရင်တောင်လန့်မှာမဟုတ်ဘူး မင်းက ငါ့နားနားကပ်ပြီး အော်လိုက်သလိုပဲကို ပြောဘာလဲ "

"သတိထားဦး host အမေနားကပ်တာ နားလည်ပါတယ် ။ အခု အမေက ရိပ်မိနေတယ်လေ "

"ရိပ်မိနေလဲ မားက ပိုသဘောကျတယ်လေ ဒါက ငါ သူ့သားအစစ် ထားလိုက်ပါ "

"အင်းပါ ဈေးထဲသွားမယ်ဆိုတော့ ဘာမှမရှိလောက်ပါဘူး ကျွန်တော်လိုင်းဆင်းမလို့ အထက်က ခနခေါ်လို့ "

~အရှင့်ကိုချစ်သည်~ ˢʸˢᵗᵉᵐ Where stories live. Discover now